"Sugar Baby"
( Uni )
(Ep-2)
"သား ကျောင်းသွားတော့မလို့လား"
ကျောင်းသွားရန် ပြင်ဆင်ပြီး ကားတံခါးဖွင့်နေတုန်း
Gulfလဲ ဒေါ်ရိုစီ အသံကြားတော့ တံခါးကို မဖွင့်တော့ပဲ နောက်လှည့်ကြည့်လိုက်သည်
ကျောင်း၀တ်စုံလေးနဲ့ အရမ်းချစ်ဖို့ ကောင်းနေတဲ့ Gu Guလက်ကလေးကို ဆွဲကာ
အကူအညီလိုအပ် နေသည့် မျက်နာလေးနဲ့ Gulfကို ကြည့်နေသည်
"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"
Gulfကလဲ ဒေါ်ရိုစီနဲ့ ထိပ်တိုက်စကားမပြောချင်ပါ ဒါပေမဲ့ ဒေါ်ရိုစီမျက်နာက
တကယ်အကူအညီ လိုအပ်နေ၍ လေသံမာမာဖြင့်သာ ပြန်ပြောလိုက်သည်
"ညီမလေးကို သားနဲ့အတူ ကျောင်းခေါ်သွားပေးနိင်မလား"
သူလက်တွင်ဆွဲ ခေါ်လာသော Gu Guလေး ကြည့်ကာ ပြောလိုက်သည်
ဒေါ်ရိုစီလဲ Gulfကို အနောင့်ယှက် မပေးချင်ပါ ဒါပေမဲ့ တကယ် အကူအညီ
လိုအပ်နေလို့သာ Gulfကို အကူအညီ တောင်းခြင်း ဖြစ်သည်
"ကိုကို "G" Gu Gu ကိုကို"G"နဲ့ အတူ ကျောင်းလိုက်ခဲ့လို့ ရမလားဟင်း"
ရွှင်ပြပြ မျက်နာလေးနဲ့ Gulfလက်ကလေးကို ဆွဲကာ ပြောလိုက်သည်
Gulf ထိုကောင်မလေးကို အမြင်ကပ်ပေမဲ့ Gu Guလေးက ချစ်စရာကောင်းတဲ့ ကလေးမလေးလို့ Gulfမျက်လုံးထဲ မြင်မိသည်
တကယ်လို့ Gu Guလေးသာ ဒေါ်ရိုစီ သမီးမဟုတ်ရင် Gulf တုန်နေအောင် ချစ်မယ်ဆိုတာ ကောင်းကောင်းကြီး အာမခံသည်
"ဦးတိုး မရှိဘူးလား"
ခါတိုင်း Gu Guကို ကြိုပို့လုပ်ပေးနေတဲ့ ဦးတိုးကို လိုက်မပို့ခိုင်းပဲ
ဒီနေ့မှ ထူးဆန်ပြီး လိုက်ပို့ခိုင်းနေ၍ Gulf သူလက်ကို လာဆွဲသော
Gu Guလက်ကို ဖယ်ထုတ်ကာ မေးလိုက်သည်
"ကိုတိုးက Gulf အဖေ အလုပ်ကိစ္စ ခိုင်းလိုက်လို့ အပြင်သွားတယ်"
YOU ARE READING
"Sugar Baby" (Complete)
Fanfiction"Sugar Baby" (intro) #Mew Suppasit "မင်းလို ချမ်းသာပြီး အရာရာတိုင်းကို ငွေနဲ့၀ယ်ပြီး ဖြေရှင်းတက်တဲ့ လူတွေကို မုန်းတယ် ထွက်သွားပါ ငါနဲ့အဝေးဆုံးကို မင်းလိုချင်တဲ့ အချစ်တွေ မေတ္တာတွေကို ငါဆီကရမယ် မထင်နဲ့ ငါဆီက အမုန်းတွေပဲ...