"Sugar Baby"
( Ep-21 )
"အား ကျွစ် ကျွစ် ခေါင်းတွေကိုက်လိုက်တာ"
Mew အိပ်ယာကနေ လူးလှဲထပြီး ကုတင်လေးကိုမှီလိုက်ကာ ခေါင်းများက သေလောက်အောင် ကိုက်နေ၍ လက်ညှိုးလက်ခလယ် ၂ချောင်းပူးကာ နားထင်နားလေးကို လှည့်ကာပွတ်နေသည်
"Mew နှိုးနေပြီးလား ဒီမှာ Mewခေါင်းကိုက်ပြေအောင် သံပုရည်ယူလာတယ်"
Boxer shortလေးကို အပေါ်ကခပ်ဖွဖွ မီခိုးရောင် အကျီလေးနဲ့တွဲ၀တ်ပြီး လက်ထဲက သံပုရာရည်ခွက်လေး ကိုင်ကာ Mewရဲ့ကုတင်ဘေးနားက စားပွဲလေးမှာ တင်ပြီး Mewဘေးနား၀င်ထိုင်ကာ ပြောလိုက်သည်
သူကို သွားစွယ်လေးတွေ ပေါ်အောင်ပြုံးပြနေတဲ့ Gulfအ့သြမှင်သက်စွာဖြင့် မျက်တောင်မခက်ပဲ ကြည့်မိသည်
"G" "G" မင်း မင်းပါနော်"
Gulfကို ကြည့်နေရင်း ဘယ်ဘက်ရင်အုံကအောင့်တက်လာကာ မျက်၀န်းမှာလဲ မျက်ရည်လေးတွေ ပြည့်လျှံလာပြီး နှုတ်ခမ်းလေး လှုပ်ယုံဖြင့် Gulfကိုပြောလိုက်သည်
Gulfလဲ Mewမျက်၀န်းမှ မျက်ရည်များကို ထပ်မြင်ရတော့ သူလဲပြုံးနေတဲ့ အပြုံးကိရုတ်သိမ်းလိုက်ပြီး Mewပါးပြင်ထက်က မျက်ရည်များကို လက်ဖမိုးလေးနဲ့ သုတ်ကာပေးလိုက်မိသည်
"ဟုတ်တယ် ကျွန်တော် "G"ပါ ဟို၁ချိန်က Mew အရမ်းချစ်ခဲ့တဲ့ "G"ပါ"
Mewပါးပြင်ထက်က မျက်ရည်လေးတွေ သုတ်ပေးရင်း Mewမျက်လုံးများကို သေချာစူးစိုက်ကြည့်ကာ မျက်နာလေး ညှိုးငယ်စွာဖြင့် ပြောလိုက်သည်
Mew သူအရမ်းချစ်တဲ့ကောင်လေးကို ပြန်တွေ့ရပြီးဆိုတော့ ပျော်ရပေမဲ့ ရင်ထဲမှာသူကိုအကြောင်းမရှိပဲ လမ်းခွဲခဲ့ပြီး ၇နစ်တိတိလုံး ဘာအဆက်အသွယ်မှ မရပဲပျောက်သွား၍ Mewနာကျင်မိတာတော့ အမှန်ပဲ
"မင်း ငါ့အသားကို မထိနဲ့"
Mew သူပါးပေါ်က မျက်ရည်တွေသုတ်ပေးနေတဲ့ Gulfရဲ့သွယ်သွယ်လျလျ လက်ချောင်းတွေကို ပုတ်ကာထုတ်ပြီး မတ်တပ်ထရပ်လိုက်သည်
![](https://img.wattpad.com/cover/268281320-288-k942172.jpg)
YOU ARE READING
"Sugar Baby" (Complete)
Fanfiction"Sugar Baby" (intro) #Mew Suppasit "မင်းလို ချမ်းသာပြီး အရာရာတိုင်းကို ငွေနဲ့၀ယ်ပြီး ဖြေရှင်းတက်တဲ့ လူတွေကို မုန်းတယ် ထွက်သွားပါ ငါနဲ့အဝေးဆုံးကို မင်းလိုချင်တဲ့ အချစ်တွေ မေတ္တာတွေကို ငါဆီကရမယ် မထင်နဲ့ ငါဆီက အမုန်းတွေပဲ...