"Sugar Baby"
( Ep-25 )
"Mewကလဲ ဖုန်းဆက်နေတာ ကြာနေပြီး မကိုင်ဘူးကွာ"
Gulf၁ယောက် Mewတို့ခြံရှေ့ ကားလေးကိုရပ်ပြီး လက်ထဲကဖုန်းလေးကို ကိုင်ပြီးမျက်နာကြီး မဲ့ရှုံကာ ပြောလိုက်သည်
ဒီနေ့က Sundayမို့ ကုမ္ပဏီပိတ်သည် Mewက စနေနေ့ ညနေရုံးဆင်းတာနဲ့ သူအိမ်ကို ပြန်လေ့ရှိပြီး တနင်္ဂနွေနေ့၁နေ့လုံး အိမ်မှာနေပြီး ဒေါ်ခမ်းကိုကူလုပ်ပေးသလို သူအစောထတဲ့နေ့ဆို ခြံထဲက ပန်းပင်များကို အရင်လို ရေလောင်းပေါင်းသင် လုပ်ပေးလေ့ရှိသည်
Gulfကို Mewက အိမ်မှာရှိမယ်ပြောထားတော့ Gulfလဲတွေ့ချင်တာရော ပြောစရာလဲရှိတာကြောင့် သူလာမည်ဆိုတဲ့အကြောင်းကို အသိပေးမလို့ အိမ်ကထွက်လာကတည်းက ဖုန်းဆက်နေတာ
ခုခြံရှေ့ရောက်တဲ့ထိ ဖုန်းဆက်တာတောင် မကိုင်သဖြင့် ကားထဲမှာ၁ယောက်ထဲ စိတ်ဆိုးနေလေရဲ့
"အဲ့ ဟိုမှာ Maeထွက်လာပြီး ငါ့ဆင်းပြီးနှုတ်ဆက်လိုက်ရမလား နှုတ်ဆက်တာက ဟုတ်ပါပြီး Maeငါ့ကို စိတ်မှန်းဆိုးနေမလား"
Gulf Mewကိုဖုန်းဆက်မရတာကြောင့် ကားထဲကနေ ခြံထဲကို ဟိုကြည့်ဒီကြည့်လုပ်နေချိန် Mewအမေဒေါ်ခမ်း လက်ဆွဲခြင်းလေး ဆွဲကာထွက်လာတာ တွေ့၍
သူမှာနှုတ်ဆက်သင့် မနှုတ်သင့်ဇဝေဇဝါတွေ ဖြစ်နေသည်
"ကြာပါတယ် နှုတ်ဆက်လိုက်မယ် Maeစိတ်ဆိုးတော့လဲ တောင်းပန်လိုက်ယုံပေါ့"
နောက်ဆုံး Gulfဆုံးဖြတ်ချပြီး ကားထဲကနေ ဒေါ်ခမ်းအပြင်ရောက်လောက်မဲ့ အချိန်ကို စောင့်နေလိုက်သည် ဒေါ်ခမ်းအပြင်ရောက်မှ ကားပေါ်ကဆင်းပြီး နှုတ်ဆက်မယ်ဆိုတဲ့ သဘောနဲ့
"မဂ်လာပါ Mae"
"သား"G" သား"G" မဟုတ်လား"
ဒေါ်ခမ်း အပြင်လဲရောက်ရော Gulfကားပေါ်က ဆင်းကာ ရုတ်တရက်တွေ့သလို ပုံစံမျိုးနဲ့ နှုတ်ဆက်လိုက်သည်
ဒေါ်ခမ်းလဲ သူရှေ့ရပ်ကာ Maeလို့ခေါ်ပြီး နှုတ်ဆက်လိုက်တာကြောင့် ဘယ်သူလဲဆိုတာမသိ၍ မော့ကြည့်တော့
YOU ARE READING
"Sugar Baby" (Complete)
أدب الهواة"Sugar Baby" (intro) #Mew Suppasit "မင်းလို ချမ်းသာပြီး အရာရာတိုင်းကို ငွေနဲ့၀ယ်ပြီး ဖြေရှင်းတက်တဲ့ လူတွေကို မုန်းတယ် ထွက်သွားပါ ငါနဲ့အဝေးဆုံးကို မင်းလိုချင်တဲ့ အချစ်တွေ မေတ္တာတွေကို ငါဆီကရမယ် မထင်နဲ့ ငါဆီက အမုန်းတွေပဲ...