"Sugar Baby"
( Ep-8 )
"Hello Mew ကျွန်တော်တို့ရောက်နေပြီး"
"ဦးMew မြန်မြန်လာခဲ့နော် Gu Guတို့စောင့်နေမယ်"
"ဟုတ်ပါပြီး ဦးMew ခုပဲ လာခဲ့မယ်နော်"
Mew ဖုန်းချပြီးတာနဲ့ သူ၀တ်ဆင်ထားတဲ့ မိုးပြာရောင် ခပ်လွင့်လွင့်ကိုဂျင်းဘောင်းဘီနဲ့တွဲကာ အခန်းထဲက ကိုယ်လုံးပေါ်မှန်ကြီးရှေ့မှာ မိန်းကလေးတို့ အလှပြင်ပြီးသလို
ရှေ့ကြည့်လိုက် နောက်ကြည့်လိုက်နဲ့ နောက်ပြီး ဘေးနားက ဆွပ်နေကျ ရေမွှေးပုလင်းကို ခါတိုင်းထက် ပိုစွာ
နေရာအနှံကို တရူးရူးနဲ့ လိုက်ဆွပ်လိုက်သည် နောက်ပြီးဆံပင်လေးတွေကို ဟိုဖွ ဒီဖွလုပ်လိုက်ကာ နောက်ဆုံးအချိန် တကိုယ်လုံးကို ပတ်ကြည့်လိုက်သည်
"Mew စိတ်ကိုအေးအေးထား ဟူး"
စိတ်တွေ အရမ်းလှုပ်ရှားနေသဖြင့် မှန်လေးကို ကြည့်ကာ သက်ပြင်းလေး ၁ချက်မှုတ်ထုတ်လိုက်ကာ အောက်ကိုဆင်းလာခဲ့လိုက်သည်
"ဟဲ့ သား အမလေး မွှန်ထူးနေတာပဲ ဒါက ဘယ်သွားမလို့လဲ"
ဒေါ်ခမ်း ထိုင်ခုံလေးမှာ စာထိုင်ဖတ်နေရင်း Mew ရှိုးအပြည့်နဲ့ ဆင်းလာတာကြောင့်
ဒေါ်ခမ်း စကားပြောဖို့အလုပ် တစ်ပုလင်းလုံး မှောက်ချလာသလား အောက်မေ့ရတယ် အနားတောင် မရောက်သေးဘူး
အဝေးကနေတောင် ယောကျာ်းဆန်ဆန် ခပ်ပြင်းပြင်း ရေမွှေးနံကြီး နှာခေါင်းထဲ တိုး၀င်လာ၍ ဒေါ်ခမ်း နှာခေါင်းရှုံကာ မေးလိုက်သည်
"ဟဲဟဲ ဟို သားအပြင်ခန သွားမလို့"
Mew သူအမေပြောမှ သူအကျီကို ပြန်နမ်းကြည့်မှ တကယ်ပဲ အနံကပြင်းရှကာ နှာခေါင်းတိုး၀င်လာသဖြင့် မျက်နာလေး မဲ့ရှုံသွားသည်
"ခါတိုင်း အပြင်သွားရင်တောင် ဒီလောက်မပြင်ဆင်ပါဘူး ဒီနေ့မှ မဟုတ်မှလွဲရော ကောင်လေးနဲ့ Date မလို့လား"
YOU ARE READING
"Sugar Baby" (Complete)
Fanfiction"Sugar Baby" (intro) #Mew Suppasit "မင်းလို ချမ်းသာပြီး အရာရာတိုင်းကို ငွေနဲ့၀ယ်ပြီး ဖြေရှင်းတက်တဲ့ လူတွေကို မုန်းတယ် ထွက်သွားပါ ငါနဲ့အဝေးဆုံးကို မင်းလိုချင်တဲ့ အချစ်တွေ မေတ္တာတွေကို ငါဆီကရမယ် မထင်နဲ့ ငါဆီက အမုန်းတွေပဲ...