"Sugar Baby"
( Ep-34 )
" Hello "
" Hello Sunshine ကုမ္ပဏီရဲ့ သူဌေး Khun Mew Suppasit လားရှင့်"
"ဟုတ်ပါတယ် ခုဖုန်းဆက်တာ ဘယ်သူများလဲ"
Mew နေ့ခင်းဘက် အလုပ်လုပ်နေရင်း သူဖုန်းလေးက အသံမြညိလာသဖြင့် ကောက်ကိုင်ပြီး အသံပေးရာ ၁ဖက်ကလဲ အသံပြုပြီး Mewကို မေးလာတော့
Mew ဖုန်းနံပါတ်ကို ပြန်ကြည့်ပြီး ဘယ်သူဘယ်ဝါဆိုတာ မသိရင်း မျက်မှောင်လေး ကြုံကာ မေးလိုက်သည်
"ကျွန်မ ဘယ်သူလဲဆိုတာ Khun MewSuppasit အတွက် အရေးကြီးမယ် မထင်ပါဘူး
တကယ်အရေးကြီးတာကို ပြောပြမယ်ဆိုရင်း ရှင့်နားထောင်ချင်ပ့မလား"
"ဒီမှာ မင်းငါ့ကို ဘာပြောချင်တာလဲ ပြောစရာရှိတာ အမြန်ပြော ငါ့မှာအလုပ်တွေရှိသေးတယ် မင်းစကားကို အချိန်ပေး နားမထောင်နိင်ဘူး"
၁ဖက်မိန်းကလေးရဲ့ စကားကြောင့် Mew မျက်မှောင်ကြုံသထက် ကြုံကာ ဒေါသသံလေးနဲ့ ပြောလိုက်သည်
"ok အ့ဆို ကျွန်မလဲ ပြောစရာရှိတာ အမြန်ပြောလိုက်မယ် ရှင့်ရဲ့ Project Dataတွေ ကျွန်မလက်ထဲမှာ ရှိတယ်"
"ဘာ နေဦး နေဦး မင်းဘာပြောလိုက်တယ် ငါ့ Project Data မင်းလက်ထဲ ရောက်နေတယ် ဟုတ်လား"
Mew တစ်ဖက်မိန်းကလေး စကားကိုကြားကာ ထိုင်နေတဲ့ နေရာကနေ ထကာ ပူပန်မူတွေဖြစ်လာပြီး ခေါင်းကြီးသွားသည်
"ရှင့်အရမ်းပဲ စိုးရိမ်သွားလား မစိုးရိမ်ပါနဲ့ ကျွန်မရှင့်ရဲ့ Dataတွေကို ဘာမှမလုပ်ထားပါဘူး ဒါပေမဲ့ ကျွန်မရှင့်ကို တောင်းဆိုးစရာ ၁ခုတော့ ရှိတယ်"
"ဘာတောင်းဆိုမှာလဲ ပိုက်ဆံလား ဘယ်လောက်ပေးရမလဲ မင်းပြောလိုက် ငါ့အခုချက်ချင်း ငွေလွှဲပေးလိုက်မယ်"
"အိုးဟို့ ရှင့်လိုကုမ္ပဏီပိုင်ရှင် ၁ယောက်က တောင်းသလောက် ပိုက်ဆံပေးနိင်မယ်ဆိုတာ ကျွန်မသိပါတယ် ဒါပေမဲ့ ကျွန်မလိုချင်တာ ပိုက်ဆံမဟုတ်ဘူး"
YOU ARE READING
"Sugar Baby" (Complete)
Hayran Kurgu"Sugar Baby" (intro) #Mew Suppasit "မင်းလို ချမ်းသာပြီး အရာရာတိုင်းကို ငွေနဲ့၀ယ်ပြီး ဖြေရှင်းတက်တဲ့ လူတွေကို မုန်းတယ် ထွက်သွားပါ ငါနဲ့အဝေးဆုံးကို မင်းလိုချင်တဲ့ အချစ်တွေ မေတ္တာတွေကို ငါဆီကရမယ် မထင်နဲ့ ငါဆီက အမုန်းတွေပဲ...