part(6)

10.9K 1.1K 78
                                    

Unicode

လျှောက်နေမိတဲ့ခြေလှမ်းတွေက ထင်ထားသည်ထက်ကိုပို၍သွက်လို့။
ရင်ထဲကြည်နူးနေမူတွေက မဖုံးနိုင်မဖိဖြင့်
ပင် အပြုံးအဖြစ်အသွင်ပြောင်းကာ နူတ်ခမ်းပါးလေးမှာခဏခဏကွေးညွန့်နေရသည်။
အလျင်လိုသောစိတ်တို့ကြောင့် ခြံချင်းကပ်ရပ်ဆိုသည့် အတိုင်းအတာအကွာအဝေးကိုဖြတ်ရသည့်အချိန်ကပင် သူ့တို့အတွက်အရမ်းကိုရှည်ကြာနေသယောင်....။

ရင်တွေ တစ်လှပ်လှပ်ဖြင့်ဆယ်ကျော်သက်တစ်ယောက်လိုဖြစ်နေမိတဲ့ သူ့ရဲ့အဖြစ်ကိုပြန်တွေးမိတော့ သဘောတစ်ကျပြုံးမိပြန်သည်။

ထယ်ထယ့်​ကိုတွေ့ရမှာကို လက်တွေအေးစက်နေအောင်အထိ စိတ်လှုပ်ရှားနေမိတာပါတဲ့။သူထက် ခြောက်နှစ်တောင်ငယ်တဲ့ကလေးလေး​ကိုလေ....။
အထက်တန်းပြီးတည်းက londonမှာတစ်ယောက်တည်းကျောင်းသွားတက်ခဲ့ရတဲ့သူက အခုလိုမျိုးရင်တွေတစ်လှပ်လှပ်ဖြင့် စိတ်လှုပ်ရှားနေမိတာ ဒီတစ်ခါပထမဆုံးပင်။
သူတစ်ကယ် ဒီကလေးလေးကြောင့်ရူးတော့မှာပဲ.....။

ကိုယ့်ရဲ့အချစ်တွေကမသိစိတ်ထဲကနေအတင်းကို ရုန်းထွက်လာခဲ့ပြီမို့ ကလေးရဲ့ခြေတော်ရင်းမှာဝပ်တွားခယပြီး ချစ်ခွင့်ပေးဖို့တောင်းဆိုချင်ပါပြီကလေးရယ််...။
အသနားခံနှလုံးသားလေးမို့ ရက်ရက်စက်စက်နင်းခြေမပစ်ဖို့ကိုလည်း ကိုယ်ကတောင်းပန်ပါရစေ....။

နောက်ဆုံးတော့ရောက်လာခဲ့ပြီ....။
သူသိပ်တွေ့ချင်နေရတဲ့ သူ့နှလုံးသားအားအပိုင်စားရယူထားတဲ့ကလေးလေးရှိရာဆီ....။ အိမ်ထဲဝင်လာတော့ဆိုင်သွားရမဲ့ တီငယ်နဲ့တီတီကြီးတို့က မနက်စာစားနေကြတာတွေ့ရပေမဲ့ သူ့ရဲ့အဆိုးလေးကိုတော့မတွေ့....။
ကလေး အိပ်ရာကမနိုးသေးတာလား....။

"ဟင်...သားjungkook အစောကြီးပါလား"

jungkookကိုမြင်တော့ Kim ညီမနှစ်ယောက်က အံသြသလိုကြည့်လာကြ၏။
ကြည့်တာလည်းမမှား။
သူရောက်လာမိတဲ့အချိန်ကတစ်ကယ့်ကိုမှ အစောကြီးရှိနေသေးတာကို......။
သူကလည်းသူပါပဲ။
အခုမှ မျက်နှာထူပူကာ ရှက်လာရသည်။

"ဟုတ် ဟုတ်တယ်တီငယ်
ဒီနေ့ရုံးပိတ်ရက်မို့လို့ပါ"

"အော် ဟုတ်သားပဲတီတီတို့လည်းအလုပ်တွေရှုပ်နေတာနဲ့ရက်တွေတောင်ရောကုန်ပြီကွယ်။
ဒါနဲ့သားjungkookက  မနက်စာမစားရသေးဘူးမလား...တီတီတို့နဲ့တစ်ခါတည်းဝင်စားလိုက်ပါလား"

Behind The Same (Completed) Where stories live. Discover now