part (28)

11.5K 993 88
                                    

Unicode

"Taehyungie ဆေးသောက်ရမယ်
ထတော့နော်"

taehyungအိပ်နေသော ကုတင်ဘေးမှ
ခုံတွင်ဝင်ထိုင်လိုက်ရင်း ပြောလာသောjimin။ သူယူလာသော စွတ်ပြုတ်ပန်းကန်လေးအား စားပွဲခုံပေါ်ချလိုက်ရင်း သူငယ်ချင်းဖြစ်သူ၏နဖူးပြင်လေးကိုလက်ဖဝါးသေးသေးလေးဖြင့်ဖွဖွလေးထိတွေ့လာသည်။

" အဖျားနည်းနည်းကျသွားပြီပဲ တော်သေးတာပေါ့ ငါအရမ်းစိတ်ပူသွားခဲ့ရတာ"

Taehyungတစ်ယောက်jiminဆီရောက်သည့် ညတည်းက ဆက်တိုက်ဖျားနေခဲ့တာ အခုဆိုသုံးရက်ရှိခဲ့ပြီ။ စိတ်ထောင်းကိုယ်ကြေဖြစ်နေခဲ့သည်ကြောင့် အဖျားကတော်ရုံနဲ့မပြတ်နိုင်။
ဆေးခန်းသွားဖို့ပြောတိုင်းလည်း အမြဲငြင်း၏။ ဖျားနေတဲ့သူငယ်ချင်းလေးကိုစိတ်မချနိုင်သောjiminမှာလည်း အလုပ်ကိုခွင့်ရက်ရှည်ယူထားရသည်။
သူ တစ်ခါမှခွင့်ရက်ရှည်မယူထားလို့သာတော်သေး၏။

"ကြက်သားစွတ်ပြုတ်လေးလုပ်လာတယ်taehyungie ငါရှယ်ချက်ထားတာမို့မင်းများများစားရမယ်နော်"

သူ့စကားကြောင့် မျက်လုံးလေးဖွင့်လာသောtaehyungie။ သူ့ကိုမြင်တော့အိပ်နေရာမှ အားယူထလာတာကြောင့်သေချာလေးထိန်းကိုင်ပေးရင်း ကုတင်ကိုမှီကာသက်တောင့်သက်သာ​ဖြစ်အောင်ထိုင်စေလိုက်သည်။

taehyungရဲ့မျက်နှာနွမ်းနွမ်းလေးက ဘယ်လောက်တောင် ပင်ပန်းခက်ခဲနေလဲဆိုတာပြနေသယောင်။
ဒီလိုမြင်ရတော့ သူလည်းစိတ်မအေးနိုင်ပဲ ဝမ်းနည်းလွယ်တဲ့သူငယ်ချင်းလေးကို ပိုပြီးပင်စိတ်ပူလာရသည်။
သူ့ရဲ့ဘေးနားမှာရှိသော စားပွဲပေါ်မှစွတ်ပြုတ်ပန်းကန်လေးအားငဲ့ကြည့်ပြီး တိုးတိုးဆိုလာသောစကားသံ။

"ငါဘာမှမစားချင်ဘူးjiminie....."

"ဆေးသောက်ရမယ်လေtaehyungie
ဘာမှမစားပဲဆေးသောက်လို့မှမရတာ.... အဖျားကအခုမှနည်းနည်းလေးပဲကျသေးတယ် ဘာမှမစားရင်အဖျားပြန်တက်လာလိမ့်မယ်။လိမ္မာပါtaehyungieလေးရယ်... နည်းနည်းပဲဖြစ်ဖြစ်စားလိုက်နော်...."

"အင်း"

ပထမတစ်ဇွန်းကျွေးလိုက်တော့ စားသည်။ နောက်ထပ်တစ်ဇွန်းကျွေးမလို့လုပ်တော့ taehyungမျက်ဝန်းတွေကအရည်ကြည်တွေရစ်ဝဲလာပြီး တစ်ခုခုကိုတွေးနေသယောင်။
နူတ်ခမ်းနားမှာရှိနေသောစွတ်ပြုဇွန်းကိုလည်း မြင်ပုံမရ။
ငွေ့ရည်ဖွဲ့နေသောမျက်ဝန်းအိမ်မှာတဖြည်းဖြည်းညို့မှိုင်းလာကာ မိုးတိမ်စိုင်တွေဖုံးလွှမ်းနေသောကောင်းကင်ပြင်အလား။
မင်းသတိရနေပြန်ပြီလားtaehyungie.....
မင်းတို့မှာအမှတ်တရတွေအရမ်းများခဲ့တာပဲ သေးသေးမွှားမွှားလေးတွေကအစပေါ့.....

Behind The Same (Completed) Where stories live. Discover now