part (30)

12.9K 989 130
                                    

Unicode

အခန်းအပြင်ထွက်လာတော့ jiminအခန်းထဲမှဖုန်းပြောသံတိုးတိုးကို သူကြားနေရသည်။
တမင်နားထောင်နေတာမဟုတ်ပေမဲ့ ကြားရတဲ့စကားသံတွေအရ ချစ်သူနဲ့ပြောနေတာဖြစ်နိုင်၏။ ထို့ကြောင့်အမြန်ပင်ထိုအနားမှထွက်လာခဲ့လိုက်သည်။
jiminမှာချစ်သူရှိနေခဲ့တာလား....

သူ jiminieဆီရောက်နေသည့် လေးလနီးပါးအတွင်း jiminသူ့ချစ်သူအကြောင်းပြောတာတစ်ခါမှ မကြားခဲ့ရ။
ကိုယ့်အပူနဲ့ကိုယ်တိုင်ပတ်နေခဲ့မိတဲ့သူကလည်းjimin အကြောင်းတွေကိုသိပ်ဂရုတစိုက်ရှိနေခဲ့တာမဟုတ်သည်ကြောင့်လည်းပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ်ချစ်သူရှိတော့ အထီးမကျန်ရတော့ဘူးပေါ့.....။

သူလည်း ဒီသူငယ်ချင်လေးပျော်နေတာကိုမြင်ချင်ပါသည်။ TVရှေ့ ဆိုဖာထိုင်ရင်းTVကြည့်နေတုန်း အခန်းပြင်ထွက်လာသောjimin။
မျက်နှာကလည်း တစ်ပြုံးပြုံးဖြင့်ပျော်နေတာကိုမဖုံးနိုင်မဖိနိုင်။ jiminပုံစံကိုကြည့်ပြီး သူလည်းပြုံးလိုက်မိသည်။

"ဘာဖြစ်လာတာလဲjiminie"

"ဟင် ဘာမှမဖြစ်ပါဘူးtaehyungieရဲ့...."

"မင်းပျော်နေတာမလား ဘာဖြစ်လို့လည်း​ပျော်စရာတစ်ခုခုရှိလို့လား"

" မဟုတ်ပါဘူးကွာဒီတိုင်း"

မဟုတ်ပါဘူးပြောနေတဲ့ jiminieရဲ့နားရွက်ဖျားလေးတွေမှာ ရဲတွတ်လို့။
သူဘာမှမ​ပြောရသေးပဲ ရှက်နေသည့်ပုံစံကပင် သူ့အထင်အားမှန်ကန်ကြောင်းပြောနေကြသည်။

"မင်းချစ်သူနဲ့သွားတွေ့ရမှာလားjiminie...."

"ဟမ်...."

"ငါအခန်းအပြင်ထွက်လာတုန်းကကြားခဲ့တယ် မင်းချစ်သူနဲ့ဖုန်းနေတာကို။
မဟုတ်လို့လား... ​အဲဒီကိစ္စငါ့ကို​ဖုံးကွယ်ထားတယ်ပေါ့လေ "

mochiလုံးလေးလိုjiminရဲ့ပါးပြင်မို့မို့လေးတွေက နီရဲတက်လာတာသွေးတွေပေါက်ထွက်လာတော့မဲ့အတိုင်း။
ထိုပါးရဲတွတ်တွတ်လေးကိုဆွဲညစ်ပစ်ရင်း သူစပြီးပြောလိုက်တော့ပြာပြာတလဲလဲငြင်းရှာသည်။

"အာ...အဲလိုမဟုတ်ပါဘူးtaehyungieရာ...
ငါကမင်းစိတ်အနှောက်ယှက်ဖြစ်မှာစိုးလို့မပြောပြတာပါ။ ငါကမင်းကိုဖုံးကွယ်ထားစရာလား"

Behind The Same (Completed) Where stories live. Discover now