part (22)

10K 911 72
                                    

Unicode

အခုတလောဖုန်းပြောရင် အပြင်ထွက်ပြီးပြောလာတတ်တဲ့ကိုကို။
အရေးကြီးကိစ္စတွေဖြစ်တာကြောင့်လား ဆိုပြီးဖြည့်တွေးမိပေမဲ့ အရင်ကဘာကိစ္စဖြစ်ဖြစ် အနားမှာပဲလာပြောတတ်တာကြောင့်
ထူးဆန်းနေတာတော့အမှန်။
ထိုအရာကသူ့စိတ်အား ကသိကအောက်ဖြစ်စေတာအမှန်ပေမဲ့ ကိုကို့အပေါ်ထားတဲ့ယုံကြည်မူကိုတော့မဖျောက်ဖျက်နိုင်။

ဘယ်လိုအရာတွေကြောင့် အခုလိုလုပ်နေမှန်းမသိပေမဲ့ သူ့စိတ်ထဲမှာတော့ကိုကို့အပေါ်ထားတဲ့ယုံကြည်နေမူတွေကအနည်းငယ်မျှမလျော့သွား။ ကိုကိုဆိုသော ထိုလူသားအား
ကိုယ့်ကိုယ်ကိုယ်ထက်ပင် ယုံကြည်ပါသည်။

အပြင်ထွက်ပြီးဖုန်းပြောနေတဲ့jungkookက အခန်းထဲပြန်ဝင်လာပြီး ကုတင်ပေါ်မှေးနေတဲ့taehyungဘေးမှာပင် တစ်စောင်းဝင်လှဲလိုက်ကာ ခါးသိမ်သိမ်လေးအားနောက်မှသိုင်းဖက်၍ ဂုတ်ပိုးဖွေးဖွေးလေးဆီသို့အနမ်းများကိုမထိတထိတထိခြွေချတော့သည်။
ဖွေးနုနုဂုတ်ပိုးလေးဆီမှ သင်းပျံ့လာတဲ့မွှေးရနံသင်းသင်းလေးတွေက သူ့နှလုံးအိမ်တစ်ခုလုံးကို တသိမ့်သိမ့်စီးဝင်ချုပ်ကိုင်၏။

"ထယ် အိပ်နေပြီလားကိုယ့်ကလေးလေး ..."

"ဟင့်အင်း....."

အသံသေးသေးလေးထွက်လာတာကြောင့်jungkookကျေနပ်စွာပြုံးလိုက်မိသည်။
taehyungခါးပေါ်မှာရှိနေသော ​သူ့
လက်တွေကိုခါးမှနေ ဗိုက်သားပြင်ဆီရွေ့လျားသွားလိုက်ပြီး အနည်းငယ်ပူပူလေးဖြစ်နေသောသစ်တော်သီးဗိုက်လေးအားဖိညစ်ပွတ်သပ်နေသောjungkookကြောင့် သစ်တော်သီးဗိုက်လေးမှာ မနေတတ်တော့။

"ကိုကိုဘာလို့သူများဗိုက်ကိုလာကိုင်နေတာလဲ။ ထယ်အိပ်လို့မရတော့ဘူးလို့....."

"ထယ့်ဗိုက်သားလေးတွေကအိအိလေး အသဲယားစရာလေးမို့ကိုင်ကြည့်မိတာပါဗျာ ....။
ဒါနဲ့ ဒီဗိုက်ပူပူလေးဖြစ်နေတာက
ဘာလေးလဲဟင်ကလေး....
မဟုတ်မှ ကလေးပုစိလေးရှိနေတာလား... ဟုတ်လား ကိုယ့်ရဲ့ထယ်လေးဗိုက်ထဲမှာကလေးပုစိလေးတွေရှိနေတာလား "

နီရဲနေတဲ့ကလေးငယ်ရဲ့နားရွက်ဖျားလေးကိုဖွဖွလေးကိုက်ပြီးပြောတော့ တုန်တက်သွားတဲ့ရင်ခွင်ထဲကခန္ဒာလေးကအသဲယားဖွယ်အတိ။ မျက်နှာနုနုလေးကိုမမြင်ရပေမဲ့ အခုချိန်လောက်ဆိုပါးပြင်လေးတွေကချယ်ရီရောင်ပြေးနေလောက်ပြီဆိုတာ သူသိပါသည်။
သူ့ကလေးက လက်ထပ်ထားတာတစ်လကျော်နေပြီဖြစ်သည့်တိုင် အရှက်သည်းနေတုန်း။

Behind The Same (Completed) Where stories live. Discover now