part (9)

10.2K 976 69
                                    

Unicode

10:15AM

Jungkookအိပ်ရာကနိုးလာတော့ နေ့လည်တောင်ရောက်တော့မည်။
နိုးလာချင်းမှာပဲသတိရလိုက်မိတာက သူ့ရဲ့ကလေး။ ရေချိုးအဝတ်စားလဲပြီး ကလေးအားရှာပုံတော်ဖွင့်ရပြန်၏။
ထိုကလေးအားမျက်စိအောက်ကကြာကြာအပျောက်ခံလို့မဖြစ်။

မနေ့ကအလုပ်မှာလည်း နိုင်ငံခြားကရှယ်ယာရှင်တွေရောက်လာတာကြောင့် သူတို့နဲ့အတူ
Meeting လုပ်ပြီးဆွေးနွေးရတာကနေ့တစ်ဝက်လောက်အထိ။
အရင်နေ့တွေကထက်ပင်ပန်းတဲ့အပြင်ကို မနက်ဖန်အလုပ်မသွားရအောင်လည်း နှစ်ရက်စာအလုပ်တွေကိုပေါင်းလုပ်ခဲ့တာကြောင့် တော်တော်လေးနောက်ကျမှအိမ်​ပြန်
ရောက်သည်။

ကလေးက ညစာစားဖို့စောင့်နေတာကြောင့် ညစာအတူစားရင်းသာ စကားပြောဖြစ်လိုက်ပြီးသေချာစကားမပြောဖြစ်လိုက်။
အခန်းထဲရောက်တော့လည်း မပြီးပြတ်သေးသောအလုပ်တွေကိုတစ်ညလုံးထိုင်လုပ်ရပြီး ညဉ့်နက်မှအိပ်ရတာကြောင့် အခုလိုအချိန်မှနိုးလာခဲ့ခြင်းပင်။

"ဒေါ်ကြီးအွန် ထယ်ထယ်လေးရော"

"အခုနကပဲ ခြံထဲဆင်းသွားတယ်သားjungkook "

"ဟုတ်ကျေးဇူးပါ ဒေါ် ကြီးအွန်"

တစ်ကယ်တော့သူ့မှာ ထယ်ထယ့်ကို စောင့်ကြည့်ဖို့ဒေါ်ကြီးအွန်တို့ကိုလည်းပြောထားရသည်။ သူ့ရဲ့ကလေးကအဆိုးလေးဆိုတော့...အင်းအခုတော့ကလေးက
လိမ္မာနေပါပြီ.....ဒါပေမဲ့သူ့မှာအခုထိစိတ်ချနိုင်ပဲ စိတ်ပူနေရတုန်း.....။

ခြံထဲထွက်လာတော့တွေ့ပါပြီ။
ခြံထောင့်နားလေးမှာ ဒူးလေးတစ်ဖက်ထောက်ပြီးပြုံးဖြီးနေတာ...
ဘေးစောင်းမြင်ရတဲ့အနေထားလေးမှာတင် ခပ်မို့မို့ပါးလေးတွေက ကလေးပြုံးမှန်းသိသာ၏။ ဒူးအထက်ဘောင်းဘီအညိုရင့်လေးကို ရှပ်အင်္ကျီအဖြူလက်တိုပွတ်ပွတ်လေးနဲ့တွဲဝတ်ထားတဲ့ကလေးလေးက
နေ့ခင်းဖက်နေရောင်နုနုအောက်မှာ ပျိုမျစ်နုသစ်နေသည့်ပွင့်ကာစ ပန်းလေးတစ်ပွင့်အလား....။

ဒီတိုင်းလေးထိုင်နေတာတောင် ကလေးကချစ်စရာကောင်းလွန်းသည်။ ထိုင်နေတာကသေးသေးလုံးလုံးလေး။
ထိုပုံစံလေးကြောင့် တစ်ချက်ပြုံးလိုက်ရင်း ဘေးဘက်ကိုလှည့်ကြည့်မိတော့ ကလေးနဲ့မနီးမဝေးလောက်မှအပင်တွေရေလောင်းနေတဲ့ခြံစောင့်ဉီးလေးကြီး။
သူခေါင်းညိတ်ပြလိုက်တော့မှ အနောက်ဘက်ကိုထွက်သွား၏။

Behind The Same (Completed) Where stories live. Discover now