Unicode
ကုန်လွန်လာခဲ့ပြီဖြစ်သောအချိန် လေးလနီးပါးအတွင်းtaehyungရဲ့ဗိုက်လေးမှာသိသိသာသာကိုစူစူလေးဖြစ်နေခဲ့ပြီ။
T shirt အပွလေးတွေ၊ Hoodieတွေဝတ်ထားလျှင်တော့သိပ်မသိသာ။
နာကျင်နေသည့်တိုင် ကလေးလေးအတွက်ဆိုပြီးကြိုးစားရပ်တည်နေသောtaehyungကဘယ်လောက်ပဲတောင့်ခံနေတယ်ပြောပြော ရင်ထဲကဝေဒနာတွေကိုတော့ မဖုံးကွယ်နိုင်။အဝေးတစ်နေရာကိုငေးပြီး ဆွေးရိပ်ဝေနေတဲ့မျက်ဝန်းတွေနဲ့အတူ မေ့မေ့လျောလျောရပ်နေတတ်တာ တစ်နာရီမက။
တစ်ခါတစ်လေဆို jiminသွားခေါ်လိုက်တော့မှ အသိပြန်ဝင်လာတတ်တာမျိုးလည်းရှိသည်။ တစ်ခုခုတိုက်ဆိုင်မူရှိတိုင်းလည်း မျက်ရည်တွေဝဲပြီးငြိမ်သွားတတ်သေး၏။
အချိန်တွေကတစ်ဖြည်းဖြည်းပြောင်းလဲလို့သွားခဲ့ပေမဲ့ taehyungရဲ့ ဒဏ်ရာတွေကနည်းနည်းလေးတောင်မှ သက်သာပြောင်းလဲသွားခြင်းမရှိခဲ့။ဗိုက်ပူပူလေးအားကိုင်၍လည်း စကားတွေပြောကာမျက်ရည်တွေကျတတ်သောtaehyung။
သူငယ်ချင်းဖြစ်သူလေးရဲ့ ခံစားချက်တွေကိုအတိုင်းသားမြင်နေရသည့်jiminမှာလည်း စိတ်မကောင်းဖြစ်ရုံမှလွဲ၍မတတ်နိုင်။
ဒါတောင်jiminကမနက်ခုနှစ်နာရီမှ ညနေငါးနာရီထိအလုပ်မှာရှိနေရတာကြောင့် အိမ်မှာတစ်ယောက်တည်းကျန်နေခဲ့သော taehyungရဲ့အပြုအမူတွေအကုန်လုံးကို သိမြင်နေရတာမဟုတ်သေး။Jiminက City Mart တစ်ခုမှာစာရင်းကိုင်အဖြစ်အလုပ်လုပ်နေခြင်းပင်။
အရင်ကသာမန်အလုပ်သမားလေးသာဖြစ်ခဲ့ပေမဲ့ လုပ်သက်ကကြာလာခဲ့ပြီမို့အလုပ်ရှင်မှ သူ့အား စာရင်းကိုင်ရာထူးတိုးပေးခဲ့ခြင်းကြောင့် အဆင်ပြေပြေနေနိုင်နေခဲ့ပြီဖြစ်သလို တိုက်ခန်းလေးတစ်ခုလည်းအခုချိန်မှာဝယ်ယူထားနိုင်ခဲ့ပြီဖြစ်သည်။Jimin အလုပ်လုပ်နေရတာကို "မင်းအရမ်းပင်ပန်းလိမ့်မယ် ငါပါအလုပ်ဝင်ချင်တယ်"ဆိုပြီး taehyungကသူပါအလုပ်ဝင်လုပ်ဖို့ပြောလာခဲ့သည်မှာ အကြိမ်ကြိမ်။
ဒီတိုင်းလေးနေတာတောင် တစ်ချိန်ကဒဏ်ရာတွေကြောင့်ပြိုလဲနေတဲ့taehyungက အလုပ်ပါလုပ်မည်ဆိုလျှင် jiminမှာအလုပ်ပင်ပန်းလွန်း၍မဟုတ်ပဲစိတ်ပူလွန်း၍ အသက်ထွက်ရလိမ့်မည်။ အခုတော့ဗိုက်လေးက သိသာအောင်ပူပူလေးဖြစ်နေခဲ့ပြီမို့ အလုပ်လုပ်ဖို့ဆိုတာမဖြစ်နိုင်တော့....။
အဲဗိုက်လေးကိုပဲ jiminမှာကျေးဇူးတင်ရတော့မလို။ ဗိုက်လေးမသိသာခင်အချိန်ထိသူပါအလုပ်ထွက်လုပ်မယ်ဆိုပြီး တဂျီဂျီပြောနေတာ အခုမှထိုအသံလေးပျောက်သွားခြင်းဖြစ်သည်။
YOU ARE READING
Behind The Same (Completed)
Fanfictionကိုကိုက ထယ့်ကိုချစ်ခဲ့တာမှမဟုတ်တာ ...... ကိုကိုချစ်တာ ကိုကိုငယ်ငယ်ကတည်းကဂရုစိုက်ချစ်ပေးခဲ့တဲ့ထယ်ကိုလေ... ထယ်ကသာကိုကိုရဲ့ချစ်တွေကို ဟန်ဆောင်ရယူသလိုဖြစ်နေခဲ့တာပါ..... Kim Taehyung