Unicode
Namsan Tower in seoul
"လှလိုက်တာ...."
towerကြီးကိုငေးကြည့်ရင်း ကလေးရဲ့မျက်လုံးလေးတွေက တစ်လက်လက်။
ညနေဘက်မှထွက်လာခဲ့တာကြောင့် towerကိုရောက်တော့ နေ့အလင်းရောင်တစ်ခုမှမရှိတော့ပဲ ကောင်းကင်ကြီးကလည်းအဖြူရောင်အလွှာကိုချွတ်ကာမှောင်မဲသည့်အနက်ရောင်အလွှာအားလွှမ်းချုံစေခဲ့ပြီ။နေ့အလင်းရောင်မရှိတော့တာကြောင့်towerကြီးမှာ လျှပ်စစ်မီးရောင်စုံများကသာ ပင်မအလင်းအဖြစ်ထွန်းလင်းနေခဲ့ပြီး ထိုရောင်စုံမီးရောင်များက အမှောင်ထုကိုထွင်းဖောက်နေကာ အလှကြီးလှနေအောင်ဖန်တီးနေတော့သည်။
"ဟုတ်တယ်ထယ်ထယ်ရဲ့ တာဝါကြီးကညဖက်တွေမှာပိုလှတယ်"
ဆိုလ်းမြို့၏နာမည်ကြီးတစ်ခုဖြစ်သော NamSanတာဝါကိုtaehyungသိပါသည်။
တစ်ခါမှမရောက်ဖူးသည့်တိုင် လူမူကွန်ရက်စာမျက်အသီးသီးတွင် အမြဲလိုတွေ့နေခဲ့ရသည်မဟုတ်ပါလား....။"လာ ကိုယ်တို့အပေါ် တက်ကြမယ်....."
သူ့ရဲ့လက်လေးကိုဆုတ်ကိုင်ပြီး ခေါ် သွားတဲ့ကိုကို။ ရင်ထဲဖြစ်တည်လာတဲ့ကြည်နူးမူတွေကအတိုင်းမသိ။ အခုလိုလှပတဲ့နေရာလေးမှာသိပ်ချစ်ရတဲ့ကိုကိုရဲ့ လက်ကိုဆုတ်ကိုင်ပြီး လျှောက်သွားခွင့်ရတာ ဘယ်လောက်တောင်မှအိမ်မက်ဆန်လိုက်လဲ။
ဒီလိုအချိန်တွေကို တစ်ခါမှဘဝမှာမမျော်လင့်ခဲ့ဖူးဘူးတာအမှန်ပင်။
အခုတော့မမျော်လင့်ခဲ့ဖူးနဲ့အရာတွေကတစ်ကယ်ဖြစ်နေသည်တဲ့။ ကြည်နူးမူများကြောင့် မျက်ရည်တွေရစ်သီလာခဲ့သည်။ဝင်ဝင်ချင်းမှာတွေ့ရတဲ့အရာတွေကြောင့် သူ့မှာတအံတသြဖြစ်ရ၏။
ခမ်းနားတဲ့ပြင်ဆင်မူတွေကြောင့်သိမ်ငယ်စိတ်တွေဝင်လာပေမဲ့ ဆုပ်ကိုင်ထားတဲ့ကိုကိုလက်တစ်စုံကြောင့် ထိုသိမ်ငယ်စိတ်တွေက သူအားဒုက္ခမပေးနိုင်။
YOU ARE READING
Behind The Same (Completed)
Fanfictionကိုကိုက ထယ့်ကိုချစ်ခဲ့တာမှမဟုတ်တာ ...... ကိုကိုချစ်တာ ကိုကိုငယ်ငယ်ကတည်းကဂရုစိုက်ချစ်ပေးခဲ့တဲ့ထယ်ကိုလေ... ထယ်ကသာကိုကိုရဲ့ချစ်တွေကို ဟန်ဆောင်ရယူသလိုဖြစ်နေခဲ့တာပါ..... Kim Taehyung