part (18)

10K 951 72
                                    

Unicode

မင်္ဂလာပွဲရက်က တစ်ပတ်သာလိုတော့သည်။ ကိစ္စတွေအကုန်လုံးကို ကိုကိုကသာအကုန်လုပ်နေပြီး သူကတော့အိမ်မှာသာနေကာ
ဘာမှလုပ်စရာမလို။
ကိုကိုနဲ့ဆက်ဆံရေးကလည်း တိုးတက်မလာဘဲ ကိုကိုရဲ့အေးစက်စက်စကားတွေကို အရင်တိုင်းကြားနေရတုန်းပင်။
အခုလိုအခြေအနေတွေကို အမြန်အဆုံးသတ်ဖို့သူမျော်လင့်မိသည်။
ဘယ်လိုအဆုံးသတ်ရမယ်ဆိုတာမသိပဲ အဆုံးသတ်ဖို့မျော်လင့်နေမိတာက ကြယ်ကြွေတွေအားလိုက်ရှာနေသည့်လူတစ်ယောက်သလို မျော်လင့်ချက်တစ်စွန်း၊တစ်စတောင်မရှိပဲလမ်းတွေပျောက်လို့။
နွေးထွေးလွန်းတဲ့ဂရုစိုက်မူတွေ အချစ်တွေက သူ့လိုအယောင်တစ်ယောက်နဲ့မထိုက်တန်တော့တာကြောင့်အခုလိုအခြေအနေတွေကို ကံတရားကဖန်တီးလိုက်လေလား....။
နာကျင်မူတွေကသာ သူနဲ့ထိုက်တန်တဲ့အရာဆို ထိုအရာတွေကိုသူလက်ခံမည်ပင်။
တစ်ခုပါပဲ ထိုနာကျင်မူတွေခံယူရတဲ့အထဲမှာကိုကို့ ကိုတော့မပါစေချင်။

"ထယ်ထယ်....."

ထိုင်ပြီးအတွေးလွန်နေတုန်း ခေါ်လာတဲ့ကိုကိုကြောင့် အသိပြန်ဝင်လာသည်။
ရေချိုးပြီးဆင်းလာပြီဖြစ်တဲ့ကိုကိုက ထမင်းစားဖို့လာခေါ်တာထင်ပါ၏။
ဟိုနေ့တည်းကကိုကိုနဲ့ထမင်းအတူတူမစားဖြစ်တော့တာဖြစ်သည်။
ကိုကို​ကြိုက်တဲ့ဟင်းတွေကိုတော့ ဒေါ်ကြီးအွန်နဲ့အတူချက်ဖြစ်နေတုန်းပင်။
သို့ပေမဲ့အရင်လို သူချက်တဲ့ဟင်းတွေကို ကိုကိုစားတာကြည့်ပြီးပြောလာမဲ့ စကားကိုမမျော်လင့်မိတော့။
သူက ထိုသို့​မျော်လင့်ဖို့မထိုက်တန်ဘူးမလား......။ သူနဲ့ထိုက်တန်တာဆိုလို့နာကျင်မူတွေနဲ့ ဥပက္ခာတွေသာ။
နောက်ပိုင်းနေ့လည်စာကို ဒေါ်ကြီးအွန်နဲ့သာနောက်ကျပြီးမှစားဖြစ်တာကြောင့် ညနေစာကိုမစားဖြစ်တာတောင်ကြာခဲ့ပြီ။
အားလျော့ဖျော့တော့လာတာကို ခံစားမိပေမဲ့ပျောက်အောင်လုပ်ဖို့ဆန္ဒတွေက တစ်စိုးအစိတ်မျှရှိမနေခဲ့။

"ထမင်းသွားစားမယ်လေ......"

"ဟိုထယ်..."

"စားပြီးပြီမလား"

ကြည့်လာတဲ့ကိုကိုရဲ့မျက်ဝန်းတွေကို သူနားမလည်နိုင်။ နူတ်ခမ်းပါးကိုတွန့်ချိုးရုံလေးပြုံးလိုက်တာက ဝမ်းနည်းသွားတာလား.......။
ဒါမှမဟုတ် သိပြီးသားဆိုတာကိုပြချင်တာလား။

Behind The Same (Completed) Where stories live. Discover now