Unicode
ဒီနေ့မှလမ်းတစ်လျှောက်လုံးမိနေသော မီးနီများကြောင့် သူစိတ်မရှည်ဖြစ်နေရသည်။
ကားကိုအမြန်မောင်းလိုပေမဲ့ အခြေနေတွေကမဖြစ်နိုင်။ စိတ်ထဲစိုးရိမ်ပူခြင်းများက ပြည့်နှက်လို့နေ၏။
သူနဲ့Soheeပြောနေတာတွေကိုကြားသွားတဲ့ကလေးက ဝမ်းနည်းသွားမှာအသေချာ။
ဒါတောင်ရုံးကဝန်ထမ်းတွေက ကလေးလာသွားတယ်ပြောရ၍သာသူသိရတာဖြစ်သည်။အခုချိန်လောက်ဆို ကလေးကဝမ်းနည်းပြီးငိုနေလောက်ပြီလား... ဒါမှမဟုတ်အရင်တစ်ခါတွေလိုမျိုး စိတ်ထွက်ပေါက်အဖြစ်ရေအောက်မှာများထိုင်လေမလား...။
တွေးပြီးရင်ထဲတင်းကျပ်လာရကာ ကား စတီယာတိုင်အားမောင်းနေရင်းမှ အားဖြင့်ထုချလိုက်မိသည်။
အဲဒါတွေက သူအသုံးမကျလို့တွေဖြစ်ရတာ။ကလေးကို သစ္စာမဖောက်ဘူးဆိုတာကိုယ့်ကိုယ်ကိုယ်လိပ်ပြာလုံပေမဲ့ စိတ်ထားနူးညံ့လွန်းတဲ့ကလေးက စိတ်မကောင်းဖြစ်ပြီးလုပ်မိလုပ်ရာတွေလုပ်ပစ်မှာကိုစိုးရိမ်နေသည်ကြောင့် သူအိမ်ကိုအမြန်ရောက်ချင်နေပြီ။
သူသိပ်ချစ်ပြီးတန်ဖိုးထားရတဲ့ကလေးကို ဘာမဟုတ်တာအတွက်နဲ့ မျက်ရည်ကျပြီးနာကျင်ခွင့်မပေးနိုင်။နောက်ဆုံးအိမ်ကိုရောက်တော့ အမြန်ပင်အောက်ထပ်တွင် ကလေးအားရှာကြည့်မိပေမဲ့ မတွေ့။ ချက်ချင်းပင် အပေါ်ထပ်မှသူတို့၏အခန်းဆီအပြေးသွားမိသည်။
အောက်ထပ်မှာမရှိဘူးဆိုလျှင် ကလေးရှိနိုင်သောတစ်ခုတည်းသောနေရာက သူတို့၏အိပ်ခန်းတစ်ခုတည်းသာ။အခန်းရှေ့ရောက်တော့ တံခါးခေါက်မနေတော့ပဲ အမြန်ပင်တံခါးဆွဲဖွင့်လိုက်တော့
အခန်းတံခါးဘက်ကိုကျောခိုင်းပြီးကုတင် ပေါ် ကွေးကွေးလေးအိပ်နေတဲ့ကလေး....။
ကလေးအိပ်ပျော်နေတာမဟုတ်ဘူးဆိုတာ သူသိပါသည်။ကုတင်ပေါ်အိပ်နေတဲ့ကလေးဘေးနားမှာပင်ဝင်လှဲလိုက်ရင်း ခန္ဒာသေးသေးလေးကိုလည်း ရင်ခွင်ထဲဆွဲသွင်းလိုက်ကာတင်းတင်းကျပ်ကျပ်လေးဖက်ထားလိုက်သည်။
ထိုသည့်တိုင်ကလေးဆီ စကားတစ်ခွန်းမျှထွက်မလာခဲ့။"ထယ်....."
ပြန်ဖြေသံမရှိပဲ ကလေးကတိတ်ဆိတ်မြဲတိတ်ဆိတ်နေတုန်းပင်။
သို့ပေမဲ့သူ့အပြစ်မတင်ရက်။
ကလေးကသူ့ကြောင့် ဝမ်းနည်းသွားရသည်မဟုတ်ပါလား။
YOU ARE READING
Behind The Same (Completed)
Fanfictionကိုကိုက ထယ့်ကိုချစ်ခဲ့တာမှမဟုတ်တာ ...... ကိုကိုချစ်တာ ကိုကိုငယ်ငယ်ကတည်းကဂရုစိုက်ချစ်ပေးခဲ့တဲ့ထယ်ကိုလေ... ထယ်ကသာကိုကိုရဲ့ချစ်တွေကို ဟန်ဆောင်ရယူသလိုဖြစ်နေခဲ့တာပါ..... Kim Taehyung