Unicode
ကလေးကိုမလွဲသာလို့သာ ထားခဲ့ရသည်စိတ်မချ။ ခဏခဏလှည့်ကြည့်ရတာအမော....။ အလုပ်ကြောင်းကိုခဏလေး
အာရုံစိုက်ပြောနေရတုန်း ကလေးဘက်ကိုဂရုမစိုက်မိလိုက်။
နောက်ပြန်ကြည့်တော့ ကလေးကသူထားခဲ့သည့်စားပွဲတွင် မရှိတော့တာကြောင့်အလုပ်ကိုသေချာအာရုံမစိုက်နိုင်တော့ပဲ မျက်လုံးကစားကာ ရှာမိတော့သည်။
တွေ့လိုက်ရသည့်ကလေးက သောက်စရာတွေထားတဲ့ခုံရှည်ကြီးနားတွင်ရှိနေပြီး ဘေးနားမှာလည်း သူတို့အရွယ်နောက်ထပ်တစ်ယောက်။သေချာကြည့်မိတော့မှ အဲဒီတစ်ယောက်ကကလေးလက်ကိုဆွဲထားမှန်းလိုက်ရသည်။ ဘာတွေပြောနေကြမှန်းမသိပေမဲ့ ကြည့်ရတဲ့ပုံစံအရအဆင်ပြေပုံမရ။
ထို့နောက် ကြည့်နေတုန်းမှာပင်ဖြစ်ပျက်သွားသည့်အရာကြောင့် သူ့ခေါင်းတစ်ခုလုံးပူထူသွားရသည်။ ဖန်ကွဲစတွေရှပြီး ကလေးလက်ကသွေးတွေစီးကျလာတော့ သူ့ကိုယ်သူမသိခင်မှာပဲ ကလေးဆီအပြေးရောက်သွားမိတော့သည်။"ထယ်ထယ်!!"
"သွေးတွေနဲ့ကွာ ကျစ်"
သူသိပ်မြတ်နိုးရတဲ့ကလေးကို သွေးထွက်သံယိုမြင်ရတော့ ရင်ထဲစူးခနဲ့။
ကလေးဘေးနားက ထိုတစ်ယောက်ကိုစူးစူးရဲရဲကြည့်ပေးလိုက်ပြီး...."ထယ်ထယ်လာ....သွားမယ်"
မျက်နှာပျက်ယွင်းပြီးရောက်လာတဲ့ကိုကိုကြောင့် သူနောက်ထပ်ကိုကို့ ကိုစိတ်ဒုက္ခပေးမိပြန်ပြီဆိုတာသိလိုက်ရသည်။
သူတို့ကိုကြည့်နေတဲ့လူတွေရဲ့များပြားလှတဲ့မျက်လုံးတွေကြောင့် ကိုကို့ကိုအရှက်ရစေမိပြီဆိုတဲ့စိတ်က ရင်တစ်ခုလုံးကိုပူလောင်စေ၏။လက်ဆွဲ ခေါ် လာတဲ့ကိုကိုက ဘာမှမပြောပဲကားတံခါးဖွင့်ပေးသလို အလိုက်သင့်ဝင်ထိုင်လိုက်တော့ သူ့ရဲ့သွေးတွေနဲ့လက်ကို ခပ်ဖွဖွလေးကိုင်ပြီး အဖြူရောင်ပုဝါစနဲ့စည်းပေးသည်။
ထိုအချိန် ပတ်ဝန်းကျင်ကထင်ထားတာထက်ပြီး၍တိတ်ဆိတ်နေသလို အေးစက်စက်အငွေ့အသက်တွေကလည်းအနီးအနားဝန်းကျင်တစ်ခုလုံးကိုလွှမ်းမိုးလို့။ဘာမှမပြောပဲ ကားကိုအရိူန်တင်မောင်းနေတာကြောင့် ဝမ်းနည်းစိတ်တွေက ရင်ထဲမှတရိတ်ရိတ်ထိုးတက်လာပေမဲ့ မျက်ရည်မကျမိအောင်ထိန်းထားရင်း ကိုကို့မျက်နှာကိုလှမ်းကြည့်မိတော့ တည်တင်းနေခဲ့သည်။
သူ့ဘက်တစ်ချက်မှ လှည့်ကြည့်ခြင်းမရှိ။
ကိုကို သူ့ကိုစိတ်ပျက်သွားပြီလား.....
ကိုကိုအတွက်ဂုဏ်ပြုပါတီမှာမှ အခုလိုဖြစ်တာ ကိုကိုကို့အရှက်ရစေတဲ့အပြင်ကိုကို့မိဘတွေကိုပါမျက်နှာပျက်စေသည်ကြောင့် ကိုကိုစိတ်ပျက်မယ်ဆိုလည်းစိတ်ပျက်သင့်ပါသည်။
YOU ARE READING
Behind The Same (Completed)
Fanfictionကိုကိုက ထယ့်ကိုချစ်ခဲ့တာမှမဟုတ်တာ ...... ကိုကိုချစ်တာ ကိုကိုငယ်ငယ်ကတည်းကဂရုစိုက်ချစ်ပေးခဲ့တဲ့ထယ်ကိုလေ... ထယ်ကသာကိုကိုရဲ့ချစ်တွေကို ဟန်ဆောင်ရယူသလိုဖြစ်နေခဲ့တာပါ..... Kim Taehyung