Unicode
"ဟယ်လို "
တစ်ဖက်မှကြင်လင်စွာထွက်လာသည့် ဖုန်းဖြေသံကြောင့် taehyung၏နူပ်ခမ်းလေးမှာထောင့်ဆန်စွာ ကွေးညွန့်သွားခဲ့သည်။ သို့ပေမဲ့ ငွေ့ရည်ဖွဲ့နေသည့်မျက်ဝန်းမှစီးကျလာသောမျက်ရည်များမှာ ထိုကွေးညွန့်နေ
သော နူတ်ခမ်းအားဖြတ်ကာစီးဆင်းသွားခဲ့၏။ အပြုံးတွေကို မျက်ရည်တွေကလှောင်ရယ်ဟားတိုက်နေကြသည်။
ဖုန်းကိုကိုင်ထားတဲ့လက်လေးတွေက တစ်ဆတ်ဆတ်တုန်ယင်လာသလို ပြန်ဖြေမဲ့သူ့စကားသံက လည်ချောင်းထဲမှာသာ ဆို့နစ်နေခဲ့သည်။ဘာလို့လဲ...ဘာလို့လဲtaehyungမင်းဘာဖြစ်နေတာလဲ....ဘာဖြစ်လို့လက်တွေတုန်နေရတာလဲ.....။ ဖုန်းကိုင်တဲ့သူကjiminမဟုတ်မှာစိုးရိမ်လို့လား။ ဟုတ်တယ်.... သူjiminမဟုတ်မှာကိုပဲစိုးရိမ်နေတာ။
ထိုအခါနှလုံးသားတစ်စုံက သံကုန်ဟစ်ကာအော်ပြောကြသည် သူလိမ်နေတာပါတဲ့။
Taehyungနှလုံးသား၏ အော်ဟစ်သံအားမျက်ကွယ်ပြုလိုက်သည်။
ငါတစ်ကယ် ဒီနေရာကထွက်သွားချင်ပါပြီ။"ဟယ်ဟို...."
နောက်ထပ်တစ်ခေါက်ထွက်လာတဲ့ ဖြေသံကြောင့် သူအားယူကာပြန်ဖြေလိုက်၏။
"Jimin. ...jiminie"
"ဟင်....taehyung......taehyungမလား"
"အင်း....ငါtaehyungပါ"
ပြန်ဖြေနေတုန်းမှာ မျက်ရည်ပြည့်လာခဲ့ပြန် တဲ့မျက်ဝန်းအိမ်။ ဝေခွဲမရတဲ့စိတ်တွေက သူ့ကိုအမျိုးမျိုးနှိပ်စက်နေကြ၏။
နာကျင်ရင်မူကို ဖော်ကြူးသည့်မျက်ရည်များရစ်သိုင်းလာချိန် အမြင်တွေဝေဝါးလာသည့်အခါ သူမျက်လွှာအစုံကိုပိတ်ချလိုက်တော့
ပြည့်လျှံနေတဲ့မျက်ရည်တွေက ပါးပြင်နှစ်ဖက်ကိုဖြတ်ကာ စီးဆင်းသွားခဲ့သည်။နှလုံးသားထဲတစ်ခုခုလစ်ဟာသွားလို။၊တစ်ခုခုကိုပဲ ဆုံးရှုံးလိုက်ရတော့မလို။
ခံစားနေရတဲ့ဝေဒနာတွေအား မိမိကိုယ်မိမိလိမ်ညာ၍ ပျော်ရွှင်စိတ်လူပ်ရှားခြင်းလို့ ခေါင်းစဉ်တတ်မည်။
လိမ်ညာခေါင်းစဉ်တတ်ခြင်းဆိုရင်တောင်မှ
သူဆိုတာလိမ်ညာမူတွေနဲ့ရင်းနှီးခဲ့ပြီမဟုတ်ပါလား.....။ လိမ်ညာနေရခြင်းကသူ့အတွက် အကောင်းဆုံးသောရွေးချယ်မူပင်ဖြစ်နေခဲ့ပြီ။
YOU ARE READING
Behind The Same (Completed)
Fanfictionကိုကိုက ထယ့်ကိုချစ်ခဲ့တာမှမဟုတ်တာ ...... ကိုကိုချစ်တာ ကိုကိုငယ်ငယ်ကတည်းကဂရုစိုက်ချစ်ပေးခဲ့တဲ့ထယ်ကိုလေ... ထယ်ကသာကိုကိုရဲ့ချစ်တွေကို ဟန်ဆောင်ရယူသလိုဖြစ်နေခဲ့တာပါ..... Kim Taehyung