Unicide
အခြေအနေတွေအကုန်လုံးက အရင်မတူစွာပြောင်းလဲသွားခဲ့ပြီ။
အရင်ကဘယ်မှမသွားရ၊ ဖုန်း လက်တော့ပ် မကိုင်ရနဲ့နေခဲ့ရတဲ့သူက အခုတော့ထိုအရာတွေအကုန်လုံးကိုလုပ်ခွင့်ရနေခဲ့ပြီဖြစ်သည်။
သူနဲ့ကိုကိုလက်ထပ်ထားတာ တစ်လတောင်ကျော်ခဲ့ပြီပေါ့။လက်ထပ်ပြီးနောက်ပိုင်း jiminကိုလည်းပြန်ဆက်သွယ်လုပ်နိုင်ခဲ့သလို ဖြစ်ပျက်သွားသောအကြောင်းအရာတွေအကုန်လုံးကိုလည်း သူ့အပေါ်ကောင်းလွန်းတဲ့သူငယ်ချင်းလေးအားပြောပြမိသည်။
စိတ်ပူနေတဲ့သူငယ်ချင်းလေးက ဂရုစိုက်ဖို့နဲ့တစ်ခုခုဆိုသူ့ဆီထွက်လာဖို့ကို ဖုန်းပြောတိုင်းမရိုးနိုင်အောင်ပြော၏။
သူရဲ့ကိုကို့အပေါ်ရှိနေတဲ့ခံစားချက်ကိုသိတဲ့jiminကအတင်းအကျပ်တော့မပြော။
အဓိကကမင်းအဆင်ပြေနေဖို့လိုတာtaehyungieပါတဲ့။မနက်ခင်း မနက်စာဝိုင်းလေးကလူစုံစွာဖြင့်နွေးထွေးလွန်းလို့နေခဲ့သည်။
အတွေးတွေများနေတဲ့taehyungမှာ jungkookစကားသံကြားမှလက်ရှိအချိန်ကိုပြန်ရောက်လာ၏။
စားရင်းသူ့အားကြည့်နေတဲ့ကိုကိုက မေးခွန်းထုတ်လာတော့သည်။"ထယ် မကြိုက်လို့လားကလေး"
"ဟင် အာ..မဟုတ်ပါဘူးကိုကို။
ထယ်ဒီတိုင်းအတွေးများနေမိတာပါ""ဘာတွေတွေးနေတာလဲကလေးရယ်.....
မနက်စာစားနေတုန်းကို။ လျှောက်တွေးမနေနဲ့တော့။အစားကိုသေချာစား ""ဟုတ်ကဲ့"
taehyungခေါင်းလေးညိတ်ကာပြောတော့ jungkookမှာသဘောကျစွာပြုံးမိသည်။
သူ့ခင်ပွန်းလေးက လိမ္မာလွန်းနေသည်ကို ကျေနပ်မှာပေါ့လေ။
Mr Jeonတို့ဇနီးမောင်နှံ့မှာလည်း ထိုကလေးနှစ်ယောက်ကိုကြည့်ပြီးကျေနပ်ပြုံးစွာပြုံးလို့။သူတို့မြင်ချင်တဲ့အခြေအနေမှာ သူတို့ကလေးတွေပျော်ကြပြီဖြစ်သည်။"ထယ်....."
"ဟုတ်"
ခေါ်တော့လည်းချက်ချင်းပင်ပြန်ဖြေသံကြောင့်သူ့မှာအကျေနပ်ကြီးကျေနပ်ရပြန်သည်။
ဒီကလေး လူကိုသိပ်ချစ်အောင်လုပ်နေတာပဲ။"ကိုယ်နဲ့ ကုမ္ပဏီကိုလိုက်ခဲ့ပါလားကလေး။ လက်ထပ်ပြီးတည်းကတစ်ခါမှမရောက်သေးဘူးမလား"
YOU ARE READING
Behind The Same (Completed)
Fanfictionကိုကိုက ထယ့်ကိုချစ်ခဲ့တာမှမဟုတ်တာ ...... ကိုကိုချစ်တာ ကိုကိုငယ်ငယ်ကတည်းကဂရုစိုက်ချစ်ပေးခဲ့တဲ့ထယ်ကိုလေ... ထယ်ကသာကိုကိုရဲ့ချစ်တွေကို ဟန်ဆောင်ရယူသလိုဖြစ်နေခဲ့တာပါ..... Kim Taehyung