Unicode.
တာ့လီနိုင်ငံတော် အနောက်မြောက်နယ်စပ် စစ်စခန်း..
စစ်သူကြီး မုယွီကျင်းချင် ဦးဆောင်၍ စောင့်ရှောက်ခဲ့သည်မှာ ၁၀ နှစ်တာမျှ ကြာမြင့်ခဲ့ပြီဖြစ်သည်။ မုယွီကျင်းချင် ၏ ဖခင်ဖြစ်သူက တာ့လီ၏ စစ်သေနာပတိချုပ် မုယွီချန်ဖြစ်ပြီး ဘုရင်နှင့် နန်းမြို့တော်အတွက် လုံခြုံရေးကို တာဝန်ယူထားသည်။
လက်ရှိ ၁၀ နှစ်တာကာလသည် တာ့လီအတွက် အေးချမ်းသောနေ့ရက်များဟုပင် ခေါ်ဆိုနိုင်ပေသည်။ ရံဖန်ရံခါ ထကြွတက်သော နယ်စပ်သူပုန်အဖွဲ့ငယ်များကိုသာ နှိမ်နှင်းရပြီး စစ်ပွဲဟူ၍ ကြီးကြီးမားမားမရှိသောကြောင့် အနောက်မြောက်စစ်စခန်းမှာ ငြိမ်းချမ်းခြင်းနှင့်အတူ ပျင်းရိခြောက်သွေ့ဖွယ်ဖြစ်နေသည်။
စစ်သူကြီး မုယွီကျင်းချင် ဟာ အသက်အရွယ်အားဖြင့် ၃၀ ခန့်သာရှိသေးသော်လည်း သူ၏ မျက်နှာကတော့ တည်ငြိမ်မှု အေးစက်မှုနှင့်အတူ လောကဒဏ်၏ အနှိပ်အစက်များကို ခံခဲ့ရမှုတို့ကြောင့် အရွယ်ပင် အိုမင်းနေသယောင်.သူ၏ ခံစားချက်မဲ့နေသော မျက်လုံးအစုံမှာ တခါတလေ လောကကြီးကို စိတ်ကုန်နေဟန်ပေါ်ပေါက်နေတက်ပြီး တစ်နေ့တစ်နေ့ကို သူ၏ အိပ်ဆောင်အတွင်းမှာပင် သေရည်တစ်အိုးပြီးတစ်အိုးသောက်သုံးရင်း ဖြတ်သန်းနေထိုင်လေသည်။
ကလုတ်. ကလုတ်..ကလုတ်.
ကျား...ကျား..ကျား...
အဝေးမှ ဖုန်မှုန့်တွေကြားမှ မြင်းကို ဒုန်းဆိုင်းစီးလာသော မြင်ကွင်းကြောင့် စစ်စခန်းလုံခြုံရေးအစောင့်က အဝေးကြည့်မှန်ပြောင်းဖြင့် ကြည့်ရှုပြီး အလျင်အမြန် တံခါးမကြီးကို ဖွင့်ပေးလိုက်သည်။
မြင်းစီးအဖွဲ့ဟာ တံခါးမကြီးကို ဝင်ရောက်ပြီးနောက် စစ်စခန်း၏ အလယ်လမ်းမကြီးကို အသုံးပြု၍ စစ်ရေးလေ့ကျင့်ကွင်း၊ ထမင်းစားဆောင်၊ အိတ်ဆောင်၊ အနားယူသည့်အဆောင် များကို အဆင့်ဆက့်ဖြတ်ကျော်သွားခဲ့ပြီး တောင်ကုန်းလေးတစ်ခုကို မှီဆောက်ထားသော စစ်စခန်းခေါင်းဆောင် စစ်သူကြီး ၏ စခန်းရှေ့၌ရပ်တန့်သွားကြသည်။
YOU ARE READING
မုယွီယဲ့ရှား
Historical Fictionခေတ္တရပ်နား.. ပြန်လာခဲ့ပါမယ် မိန်းမတစ်ယောက်ရဲ့ ချောမောလှပမှုဆိုတာ သူမအတွက် ကံကောင်းမှုလည်း ဖြစ်စေသလို ကံဆိုးမှုလည်း ဖြစ်စေနိုင်တယ်...