စွဲလမ်းမှုဥယျာဥ် စြဲလမ္းမႈဥယ်ာဥ္

42 5 2
                                    

" ဆိုတော့ တူလေးကျင်းချင်က စျေးလမ်းမကို ဘာလာလုပ်တာလဲ..အပျော်လှည့်ပတ်မလို့လား."

ယဲ့ရှား၏ အမေးက ရယ်ရွှန်းသံလေးပါနေလေသည်။
သူမ၏ တူလေးကျင်းချင်က ဒီလိုလူရှုတ်တဲ့နေရာမျိုးကို လာတက်သူမဟုတ်တာ သူမသိသည်လေ..

" ဒီလောက်စိတ်ရှုပ်ဖို့ကောင်းတဲ့နေရာကို ဒေါ်လေးလိုမျိုး အလည်အပတ်မထွက်ချင်ပါဘူး..အစောင့်တစ်ယောက်က ဒေါ်လေးငယ် အိမ်တော်က ထွက်ပြေးသွားတယ်လို့ လာတိုင်လို့ လိုက်ရှာနေတာ"

" အမ်..ငါ အိမ်တော်က ထွက်လာတာ အစောင့်တွေမြင်သွားတာလား..ငါ ကြည့်တာ ဘယ်ဘူမှမတွေ့ပါဘူး."

ကျိမ်းသေပေါက် သာမာန်အစောင့်တော့ဘယ်ဟုတ်ပါ့မလဲ.အဲ့ဒါက ဒေါ်လေးငယ်ကို သီးသန့်စောင့်ရှောက်ဖို့ ကျွန်တော် ခန့်ထားတာလေ.

ကျင်းချင် သူ့စိတ်ထဲမှ စကားတို့ကိုတော့ မထုတ်ဖော်တော့ပေ..သူက အင်္ကျီလက်အစကို ခါလိုက်ရင်း

" ဒေါ်လေးငယ် နောက်ဆို အပြင်ထွက်ချင်ရင် ကျွန်တော့်ကို လာခေါ်လို့ရပါတယ်..တစ်ယောက်တည်းသွားတာက အန္တာရာယ်များတယ်."

" အဲ့ဒါက ဘယ်လိုဖြစ်မလဲ.. တူလေးကျင်းချင်ရဲ့ အချိန်တွေကို လုမယူချင်ဘူးလေ..ဒေါ်လေးက ဒီအတိုင်း နည်းနည်းပါးပါး လျှောက်ကြည့်ချင်တာလေးနဲ့ တူလေးကို ဒုက္ခမပေးသင့်ဘူး."

" အဲ့ဒါက ဒုက္ခပေးရာ မဟုတ်ပါဘူး..ဒေါ်လေးငယ်ကို စောင့်ရှောင့်ရမှာ ကျွန်တော့်ရဲ့ တာဝန်ပဲလေ."

ဟုတ်တာပေါ့..ဘုရင်ကိုဆက်သမယ့် လက်ဆောင်ပဏ္ဍာဆိုတော့ စောင့်ရှောင့်ကြရမှာပေါ့.

ယဲ့ရှား သူမစိတ်ထဲမှ အတွေးများကို ထုတ်ဖော်ခြင်းမရှိခဲ့ပေ..သူမ မြို့တော်အပြန်လမ်းတစ်လျှောက်လုံး တွေးနေခဲ့တာ နန်းတွင်းဆိုသည့် အချုပ်အနှောင်ကြီးထဲ သူမ မကြာမှီကျရောက်တော့မည် ဆိုသည့်အကြောင်းကိုပင်..

မုယွီမျိုးရိုး အဖြစ်ခံယူခဲ့ရတာက လူတွေအမြင်မှာ ကံကောင်းမှုဟု မြင်ကြပေမယ့် တကယ်တမ်း ပေးဆပ်မှုတွေက ရှိနေမြဲ..သူမ တစ်သတ်လုံး လွတ်လပ်မှုဆိုတာ ရဖို့မမျှော်မှန်းနိုင်တော့ပေ..ကျေးဇူးတရားနဲ့ တာဝန်သိမှုအတွက် မိသားစုက ပေးအပ်တဲ့ဝန်ကို ထမ်းရွက်ရမည်ပင်..

မုယွီယဲ့ရှားOnde histórias criam vida. Descubra agora