စျာပနပွဲ

69 8 0
                                    

Unicode.

တာ့လီ၏ မင်းနေပြည်တော် ဟာ ညအမှောင်မှာ တိတ်ဆိတ်ညိမ်သက်နေခဲ့သည်။ အချိန်မှာ ည ၂ ချက်တီးကျော်နေပြီဖြစ်၍ ညဘက်လှည့်လည် သွားလာကြသော ညဥ့်ငှက်လေးများပင် အိပ်တန်းတက်နေပြီဖြစ်သည်။

ဒါပေမယ့် ဒီတိတ်ဆိတ်နေတဲ့မြို့တော်ရဲ့ တစ်ခုသော အိမ်တော်မှာတော့ လှုပ်လှုပ်ရှားရှားရှိနေခဲ့သည်။ ဒါကတော့ တာ့လီ၏ အာဏာရှိမျိုးနွယ်တစ်ခုဖြစ်သော စစ်သေနာပတိချုပ် မုယွီကျန်း၏ အိမ်တော်၌ဖြစ်သည်။

ခပ်သုပ်သုပ်ခြေလှမ်းဖြင့် ရှေ့မှသွားနေသော အထိန်းတော် နောက်သို့ ကောင်ငယ်လေးဟာ အမှီပြေးလိုက်နေခဲ့သည်။ အိမ်တော်၏ အလယ်ပိုင်းနားရှိ အဆောင်တစ်ခုရှေ့အရောက်တွင်တော့ သူ့လိုပဲ အိပ်စက်နေရာမှ အမြန်ပြေးထွက်လာနေကြသော အိမ်သားများ..သူ၏ ဖခင် ဦးလေး ဒေါ်လေး နှင့် ဒေါ်ဒေါ်ငယ်..

ယောကျာ်းလေးတွေဖြစ်သည့် သူ့ဖခင်နှင့် ဦးလေးကတော့ မျက်ရည်မကျပေမယ့် အဒေါ်နှစ်ယောက်ကတော့ တရှုံ့ရှုံ့ငိုကြွေးနေကြသည်။ ညကြီးမိုးချုပ် သန်းခေါင်ချိန်မှာ ဒီအိမ်တော်၏ အရှင် သူ၏ အဘိုး ဖြစ်သူ စစ်သေနာပတိချုပ် မုယွီကျန်းဟာ ဘဝတစ်ပါးသို့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်သည်။

သမီးများ နှင့် ချွေးမများ ထပ်မံရောက်ရှိလာသော မြေးများ နှင့် ဆွေမျိုးတစ်သိုက်ဟာ စတင်ငိုကြွေးနေကြပြီး အသုဘအတွက်တော့ သားကြီးဖြစ်သည့် သူ၏ဖခင် မုယွီချန် ကပင် တာဝန်ယူလိုက်ရပေသည်။

အိမ်တော်၏ ခြံရှေ့ရှိ မင်္ဂလာမီးပုံးငယ်ဟာ အဖြူရောင်အဖြစ်ပြောင်းလဲထွန်းညှိခံလိုက်ရပြီး ခြေမြန်တော်ဟာလည်း နန်းတွင်းသို့ အလျင်အမြန် သတင်းပို့ရလေတော့သည်။

မုယွီကျင်းချင် ဟာ ထိုနှစ်မှာ အသက် ၁၄ နှစ်အရွယ် သခင်ငယ်လေးတစ်ယောက်သာ ဖြစ်သည်။ အဘိုး ဖြစ်သူ သေဆုံးမှုဟာ ရင်းရင်းနှီးနှီးမနေခဲ့ဖူးသော သူ့အတွက်တော့ မည်သည့်ခံစားချက်မျှ မရရှိပေ။ သူ့အဘိုးဟာ အချိန်ပြည့် စစ်မြေပြင်တွင်သာ နေထိုင်ခဲ့ပြီး ပြန်လာသည့်အချိန်တိုင်း ပြသာနာတွေကိုသာ သယ်ဆောင်လာတက်သူအဖြစ်သာ သူ အမှတ်ရနေခဲ့သည်။

မုယွီယဲ့ရှားOnde histórias criam vida. Descubra agora