အရှင် မိုခမ်း..

33 4 1
                                    

Unicode
အခုချိန်မှာတော့ မုယွီယဲ့ရှား နှင့် မုယွီကျင်းချင် တို့ဟာ ဓားခုတ်ရာလက်ဝင်လျှိုလိုက်မိသလိုပင်..မည်သို့သော ပြသာနာမှန်းသေချာ မသိပေမယ့် ပိတ်ဆို့ခံနေရပြီးဖြစ်သည်။

ထပ်မံထွက်ပေါ်လာသော ဓားသမားများကို သူမတို့နှစ်ဦး ခုခံရင်း ခန်းမ အလယ်နားသို့ ပြန်ရောက်လာသည်။

လူအင်အား အသာစီးကြောင့် ပထမတိုက်ခိုက်နေသော လူ ၃ ယောက်မှာလည်း ခုခံမှုပုံစံသို့ ပြောင်းလိုက်ရပြီဖြစ်သည်။

မုယွီကျင်းချင် အတွက်တော့ ထိုကဲ့သို့မဟုတ်ပေ..သူ့အနေနှင့် အလွယ်တကူ ဖောက်ထွက်သွားလို့ရသော်လည်း တစ်ဖက်က သူ့ဒေါ်လေးကို စိတ်ပူနေရသဖြင့် ခုခံရင်းသာနေနေရသည်။

မုယွီယဲ့ရှား အတွက်လည်း သူမနှင့် ကျင်းချင်နှစ်ယောက်လွတ်မြောက်နိုင်သော်လည်း တစ်ဖက်က ဆောင်ကြာမြိုင်မှ မိန်းကလေး ရှီရှီ ဆိုသူကို မထားခဲ့လိုပေ..

တစ်ယောက်နှင့်တစ်ယောက်ငဲ့ရင်း မည်သူမျှ ထိုးဖောက်မထွက်ကြသေးပဲ ခုခံရင်း အခြေအနေသာ အကဲခက်နေကြသည်။

တိုက်ရင်းခိုက်ရင်း သူမတို့တွေ ကျောချင်းကပ်အနေအထားဖြစ်သွားသည်။ ရှီရှီက အခန်း၏ တိုင်လုံးကို ကွယ်ရင်း ကြောက်လန့်နေသည်။ လူ၃ ယောက်မှာလည်း မသိလိုက်ခင်မှာပဲ သူမတို့နှင့် တစ်ဖွဲ့တည်းပုံစံဖြစ်နေပေပြီ.

ထို အဖွဲ့မှ လူတစ်ယောက်က စ၍ စကားပြောလိုက်သည်။ လေသံတိုးတိုးဖြင့်သာ ဆိုသော်လည်း ကပ်နေသည့် ယဲ့ရှားက ကြားလိုက်ရသည်။

" အရှင့်ကို ဒီနေရာက အမြန်ခေါ်ထုတ်သွားတော့ ဒီမှာ ငါကျန်နေခဲ့မယ်"

အရှင်.. ယဲ့ရှား ထိုလူ့ကို မှတ်မိသွားသည်။ ဒီလူ၃ ယောက်က နေ့ခင်းဘက်ကြီး ဆောင်ကြာမြိုင်ကို လာတဲ့လူတွေပဲ..သူတို့ခေါင်းဆောင်က ခု ဘယ်ရောက်နေတာလဲ..

ထိုခဏမှာ ကျင်းချင် က သူမကို တံတောင်ဖြင့်တွတ်ရင်း မျက်ရိပ်ပြလိုက်သည်။ ထိုလူ ၃ ယောက် ထွက်ပေါ်လာသော ခန်းဆီးနောက်တွင် အံဝှက် တံခါး တစ်ချက်ရှိနေပြီး ထိုတံခါးက အနည်းငယ်ဟနေသည်။ ဟနေသော တံခါးရွက်၏ အခြေတွင် ခြေထောက်နှစ်စုံကို မြင်လိုက်ရသည်။

မုယွီယဲ့ရှားTahanan ng mga kuwento. Tumuklas ngayon