Episode 11

44 6 0
                                    

နွေးထွေးပြီး သက်တောင့်သက်သာရှိလွန်းသည်။ နူးညံ့လွန်းတဲ့ လက်ချောင်းလေးတွေဟာ သူ့ရဲ့ပါးပြင်ကို အထက်အောက်ပွတ်သပ်နေခဲ့သည်။

အိပ်မှုန်စုံဖွားဖြင့်ပင် ထိုလက်အစုံကို ဆွဲကိုင်လိုက်ရင်း သူ့လက်ဖဝါးထဲ ထည့်ဆုပ်ထားမိသည်။

" နိုးပြီဆိုရင် ထတော့လေ..မနက်စာ ပြင်ထားပြီးပြီ.."

" မထချင်သေးဘူး..အိပ်ချင်တယ်.."

" ခစ်..ခစ်..အိတ်ပုတ်လေး..အခုချိန်မထရင် ရုံးတော်ဝင်ဖို့အချိန်နောက်ကျသွားလိမ့်မယ်.."

သူမ၏ ရယ်သံလွင်လွင်လေး ကြောင့် မျက်လုံးများကို အားယူဖွင့်လိုက်ရင်း မော့ကြည့်လိုက်သည်။ ထိုနောက် သူမ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် နှိမ့်ချလိုက်ပြီး နှုတ်ခမ်းချင်းနီးကပ်စေခဲ့သည်။

အဲ့ဒါက အရမ်းချိုမြိမ်တာပဲ...

" ထတော့...နွေဦးရောက်နေပြီ...ခြံဝန်းထဲမှာ မနက်စာစားရင်း ပန်းတွေကြည့်ကြမယ် နော်.."

သူက သူမမျက်နှာလေးကို ပူးကပ်ထားရာမှ ပြန်လည်လွှတ်ပေးရင်း

" ဟုတ်ပါပြီ ကိုယ့်ရဲ့ဇနီးလေးရဲ့.."

" ဘယ်တော့ ပြသာနာတက်မလဲမသိနိုင်ဘူး..အဲ့လိုခေါ်တာ ဆင်ခြင်သင့်တယ်. "

ခုတင်ဘေးထိုင်နေရာမှ သူမ ထထွက်သွားရင်း သူ့အတွက် အဝတ်ဗီရိုထဲမှ အဝတ်တစ်စုံကို ထုတ်ယူလိုက်သည်။ အသင့်ယူလာသော ရေနွေးဇလုံ မျက်နှာသုတ်အဝတ်တို့ကို ကမ်းပေးရင်း.

" နရံတွေမှာ နားရှိတယ်..လူပါးစပ်ဟာလည်း အကျင့်ပါတက်တယ်..မှားပြီးထွက်သွားခဲ့ရင်  ..."

" အဲ့ဒါဆို ကျွန်တော်ဘယ်တော့မှ အဲ့လို့မခေါ်ရဘူးလား..မခေါ်စေချင်တာလား.."

သူမ သူ့ကို သေချာကြည့်နေသည်။

သက်ပြင်းချသံ ထွက်ပေါ်လာသည်။ ဒါဟာ ထပ်မံရန်ဖြစ်စရာ အကြောင်းရင်းလား...

" မခေါ်စေချင်လို့မဟုတ်တာ မင်းသိပါတယ် ကျင်းချင်. . ခေါ်ခွင့်မရအောင် မင်းတို့.....မုယွီမျိုးရိုးတွေပဲ လုပ်ထားခဲ့တာလေ.."

You've reached the end of published parts.

⏰ Last updated: Jan 25, 2023 ⏰

Add this story to your Library to get notified about new parts!

မုယွီယဲ့ရှားWhere stories live. Discover now