ဘုရင် လီကွမ်

57 6 0
                                        

Unicode.

မနက်ခင်းအစောပိုင်းဆိုပေမယ့် နန်းတွင်းမှာတော့ လှုပ်လှုပ်ရှားရှားရှိနေခဲ့ပြီ။ မနေ့ညက သေနာပတိချုပ် ဆုံးပါးသွားသည့်ကိစ္စမှာ နန်းတွင်းတစ်ခုလုံးကို အငြိမ်မဖြစ်စေခဲ့ပေ။

မုယွီကျင်းချင် ဟာ ရှေ့မှ မိန်းမစိုး၏ ခေါ်ဆောင်ရာကို ဆိတ်ငြိမ်စွာလိုက်လာခဲ့ပြီး သူက မည်သည့်နေရာကိုမှ ဝေ့၍ပင်မကြည့်ပေ။

တကယ်တော့ နန်းတွင်းဟာ သူ့အတွက် စိမ်းနေသည့်နေရာတစ်ခုတော့မဟုတ်ပေ..သူ၏ မိခင်ဘက်မှ အဒေါ် ေတာ်စပ်သူ ရှင်းမျန် ကလက်ရှိ ဘုရင်လီကွမ်၏ မီဖုရားခေါင်ပင်..မိခင်ဘက်မှ ဆွေမျိုးများနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသော်လည်း မိဖုရားခေါင် ရှင်းမျန်၏ ဖိတ်ကြားမှုကြောင့် သူနှင့် မိခင်က မကြာခဏ နန်းတွင်းသို့ ဝင်ခဲ့ရသည်။ ကျိမ်းသေပေါက် ဘုရင်လီကွမ်နှင့်လည်း စိမ်းမနေခဲ့ပေ။

ဘုရင်လီကွမ်နှင့် သူဟာ နှစ်ကြိမ်တိတိတွေ့ဆုံဖူးကြပြီး အခုတစ်ခေါက်ဆိုလျှင်တော့ သုံးကြိမ်မြောက်ပင်။

ဘုရင်လီကွမ်က သူ့အား စာကြည့်ဆောင်တွင်သာ တွေ့ဆုံသည်။ ကုလားထိုင်ပေါ်တွင် ထိုင်၍ မေးပေါ်လက်ထောက် ပျင်းရိပျင်းတွဲထိုင်နေပုံရသော လီကွမ်ဟာ သူလျှောက်တင်သည်များကို အရေးစိုက်ပုံမရပေ။ သက်တော် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်လီကွမ်၏ မျက်နှာဟာ အေးစက်မှု မာန်မာနနှင့် တိကျပြတ်သားမှုကို ဖော်ပြနေသည်။ သူဟာ စည်းကမ်းတင်းကျပ်သည့် ဘုရင်တစ်ပါးဖြစ်သလို မည်သူ့အပေါ်မှလည်း မျက်နှာသာပေးခြင်းမျိုး တစ်ကြိမ်မျှမရှိခဲ့။

" အဘိုးရဲ့သေဆုံးမှုက ဒေါ်လေးငယ်အတွက် စိတ်ထိခိုက်မှုတွေ အများကြီးဖြစ်စေပါတယ်..ပြိးတော့ တာ့လီရဲ့ဓလေ့ထုံးတမ်းအရ ၃ နှစ်အတွင်း မင်္ဂလာယူခြင်း မပြုရတဲ့ ဓလေ့ထုံးစံရှိတာမို့ ကျွန်တော် မုယွီကျင်းချင် အရှင်မင်းကြီးကို အရဲစွန့်ပြီး လာလျှောက်တင်ရခြင်းပါ.."

မုယွီကျင်းချင် ဟာ အကိုးအကားအထောက်အထားစုံဖြင့် မင်္ဂလာပွဲကို ရွှေ့ဆိုင်းရန် ကြိုးစားခြင်းပင်။

မုယွီယဲ့ရှားWhere stories live. Discover now