ကျာ့..ကျာ့..!
ကျာ့..ကျာ..
မြင်းကိုဒုန်းဆိုင်းပြေး စီးနင်းရသည်ကို ယဲ့ရှား ကြိုက်သည်။ ဒါက သူမကို ချုပ်တည်းမှုများကြားမှ လွတ်လပ်စေပြီး ပူပန်မှုတွေ စိုးရိမ်မှုတွေ အတွေးတွေကြားကနေ လွတ်သွားစေလို့ပင်..ဒုန်းဆိုင်းပြေးနေသော မြင်းကို ဂရုတစိုက်စီးနင်းရင်း ကျန်တာတွေ ဘာမှ ခေါင်းထဲ ဝင်မလာအောင် မေ့ထားနိုင်သည်။
ပြီးတော့ သူမ မြင်းကိိုဒုန်းဆိုင်းပြေး စီးနင်းတိုင်း စိုးရိမ်တကြီးဖြင့် အနောက်ကနေ အမှီလိုက်နေမည့် တူငယ်လေးကိုလည်း စချင်သည်။ တူလေး ကျင်းချင်ဟာ ဆက်ဆံကြည့်ရင်းနှင့် အရွယ်ထက်ပိုသော ရင့်ကျက်မှုတွေ ရှိတာ သိရသည်။ ယဲ့ရှားကတော့ သူမ၏ တူငယ်လေးကို ဒီထက်ပို ပေါ့ပေါ့ပါးပါးဖြင့် လူငယ်ဆန်စေချင်သည်။
တူငယ်လေး ကျင်းချင်ဟာ တခါတခါ အသက်အရွယ်ရလူကြီးတစ်ယောက်လိုပင် အတွေးတွေများပြီး စည်းကမ်းကြီးလွန်းသည်။ သူများအပေါ် စည်းကမ်းတင်းကျပ် ဆရာလုပ်တက်တာက သူ့ရဲ့ဝါသနာဖြစ်ပုံရသည်။ ဒါပေမယ့်လည်း တခြားလူတွေနဲ့ယှဥ်လျှင် ကျင်းချင် သူမအပေါ် အများကြီးလျှော့ပေးမှန်း သူမသိနေသည်။ တူငယ်လေး ကျင်းချင်၏ အလိုလိုက်အလျှော့ပေးမှုတွေက သူမမကြာခင် နန်းတွင်းကို ဝင်ရတော့မည်ဖြစ်သောကြောင့် အလိုလိုက်ပေးနေမှန်းလည်း သူမ နားလည်နေပါသေးသည်။ သို့ပေတည့် အလိုလိုက်ခံရသော ကလေးဆိုးတစ်ယောက်လိုပင် သူမ ပိုမိုသော အခွင့်အရေးများ ကို ထပ်လိုချင်ခဲ့သည်။ ဘာလို့လဲဆိုတော့ ဒါက သူမအတွက် နောက်ဆုံးသော ပျော်ရွှင်လွတ်လပ်ရမယ့် နေ့ရက်တွေဖြစ်နေလို့ပဲ..
သူမ လွတ်လပ်မှုရဲ့အရသာကို ခုံမင်နေသည်မှာ ပင်လယ်ရေကို သောက်နေရသလိုပင်..
" ဒေါ်လေးငယ်..အရှိန်လျှော့.."
ကျင်းချင်၏ မြင်းက အရည်အသွေးကောင်း မြင်းတစ်ကောင်ပင်..သူ့မြင်းကို အနည်းငယ် အရှိန်တင်လိုက်သည်နှင့် ယဲ့ရှား၏ မြင်းကို ဘေးချင်းယှဥ်လာခဲ့သည်။
သူမ ဘေးမှ ကျင်းချင် ကို ကြည့်ကာ ရယ်မောလိုက်ရင်း သူမ၏ လမ်းကြောင်းကို လမ်းမပေါ်မှ ဘေးဘက် တောအုပ်ဆီသို့ ပြောင်းလိုက်သည်။
VOCÊ ESTÁ LENDO
မုယွီယဲ့ရှား
Ficção Históricaခေတ္တရပ်နား.. ပြန်လာခဲ့ပါမယ် မိန်းမတစ်ယောက်ရဲ့ ချောမောလှပမှုဆိုတာ သူမအတွက် ကံကောင်းမှုလည်း ဖြစ်စေသလို ကံဆိုးမှုလည်း ဖြစ်စေနိုင်တယ်...
