စျေးလမ်းမ

47 7 2
                                    

Unicode.

" စစ်သူကြီး.. ကျွန်တော်တို့ နယ်ခြားစောင့်စည်းရိုးနားမှာ မနေ့က လုယက်မှုဖြစ်ခဲ့တယ်လို့ သတင်းပို့လာပါတယ်.."

မုယွီကျင်းချင် လက်ထဲက သေရည်အိုးကိုချလိုက်ရင်း ကောင်းမုရန် ၏ စကားကို အာရုံစိုက်လိုက်သည်။

" ဒါ့ကြောင့် ကျွန်တော်နဲ့ တပ်မှူးရှန့် စည်းရိုးကို လှည့်လည်စစ်ဆေးချင်လို့ စစ်သူကြီး ခွင့်ပြုချက်."

" သွားပါ..နှစ်ယောက်တည်းသွားလို့ အဆင်ပြေပါ့မလား..တပ်သားအနည်းငယ်ခေါ်သွားလိုက်လေ.."

" အာ..အဲ့ဒါ..ဟို ကျွန်တော်တို့က အရင်ဆုံးသတင်းထောက်လှမ်းရုံပဲဆိုတော့ လူနည်းနည်းပဲသွားတာ သင့်တော်မယ်ထင်တယ်..တပ်သားတွေပါလာရင် ဓားပြတွေ ပုန်းရှောင်သွားနိုင်တယ်."

ကောင်းမုရန် စိတ်ထဲတွင်တော့ ဓားပြအကြောင်းပြပြီး တခါတလေ နှစ်ယောက်ထဲ အပြင်လေးထွက်ချင်တာကို ဘယ်လို တပ်သားတွေ ခေါ်သွားရမတုန်း.. စိတ်ထဲက အကြံအစည်ကို မရိပ်မိစေရန် ဟန်ဆောင်၍ တစ်ဖက်ကလည်း ခွင့်ပြုချက်ကို မျှော်လင့်နေသည်။

သူနှင့် ရှန့်မင်ချီ က တူညီတဲ့ တဲတစ်ခုမှာပဲ နေထိုင်ပြီး အချိန်ပြည့်နီးပါးတွေ့နေရပေမယ့် လွတ်လပ်မှုတော့အပြည့်မရပေ.သူတပါးရိပ်မိသွားမည်စိုး၍ အချိန်ပြည့် သတိထားနေကြရပြီး တခါတလေတော့ ဒီလိုမျိုးလေး နှစ်ဦးတည်းအချိန်လေးတွေ ရဖို့လိုအပ်တယ်လေ..

" အင်း..တပ်မှူးကောင်း ပြောတာ အကျိုးသင့်တယ်.လူနည်းနည်းပဲသွားတာ ပိုသင့်တော်တယ်..ခွင့်ပြုပါတယ်..အန္တရယ် မဖြစ်အောင်သာ ဂရုစိုက်ခဲ့ကြ.."

" ဟုတ်ကဲ့..စစ်သူကြီးစကားကို နာခံပါတယ်."

ကောင်းမုရန်ဟာ အရိုအသေပြု၍ ထွက်ခွာသွား၏။ အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ရှန့်မင်ချီ တစ်ယောက် ကောင်းမုရန်၏ ပြုံးစစမျက်နှာကို တွေ့သည်နှင့် ခွင့်ပြုမိန့်ရခဲ့မှန်းသိလိုက်သည်။

စိတ်ထဲမှလည်း သူတို့နှစ်ဦး၏ သီးသန့်နေရာလေးဖြစ်သော ရေကန်ကြီးဘေးက ကျောက်ဂူငယ်လေးကို အမြန်ရောက်လိုလှပြီဟူ၍...

မုယွီယဲ့ရှားWhere stories live. Discover now