" ကျွန်တော်တို့ ဒီတစ်ခေါက် နွေဦးပွဲတော်နေ့မှာ အိမ်ပြန်ခွင့်ရမယ့် စစ်သည်အရေအတွက်ကို ဒီလိုပဲ သတ်မှတ်ကြတာပေါ့"
ကောင်းမုရန် က စားပွဲပေါ်မှ စာရင်းစာအုပ်များကို သိမ်းဆည်းလိုက်သည်။ ဒါက နွေဦးပွဲတော် အတွက် အစည်းအဝေးပြုလုပ်ခြင်းဖြစ်ပြီး တပ်မှူးတွေအကုန် တက်ရောက်ရခြင်းဖြစ်သည်။ တပ်တွင်းဖွဲ့စည်းပုံအရ ပွဲတော်ရက်ဆိုပေမယ့် လူတိုင်းခွင့်မရနိုင်ပေ.လူတိုင်းမရနိုင်သလို လူများစုလည်း မရပေ..ခွင့်ရက်ကို လူအနည်းငယ်သာ အကြောင်းပြချက်ကောင်းပေးနိုင်သူများသာ ရနိုင်ကြခြင်းဖြစ်ပြီး ကျိမ်းသေပေါက် သူနှင့် ရှန့်မင်ချီ လည်း ခွင့်မရဘူးလေ..ဒီစစ်တပ်ကို တာဝန်ယူရသည့်အချိန်ကစပြီး ခွင့်မယူခဲ့သည်သူထဲမှာ သူတို့စစ်သူကြီးလည်း ပါဝင်သည်။
ဒီနေ့မှာ သူနှင့် ရှန့်မင်ချီ က စစ်သူကြီးကို မြို့တော်သို့ပြန်ရန် တိုက်တွန်းပေမယ့် စစ်သူကြီးက ရှင်းလင်းစွာပင် ခေါင်းခါခဲ့သည်။ စစ်သူကြီး မုယွီကျင်းချင် အတွက် မြို့တော်ဟာ အဆိုးရွားဆုံး ဖုန်းဆိုးနယ်မြေ တစ်ခုဖြစ်ခဲ့လေသည် မဟုတ်ပါလော...
" ကျင်းချင် နွေဦးပွဲတော် အတွက် ပွဲကျင်းပရာမှာ အရှင်မင်းကြီးက မြို့တော်က လူကုံထံ မိသားစုတွေအကုန် ဖိတ်လိမ့်မယ်..အဲ့ဒိနေ့မှာ အရှင်မင်းကြီးက ယဲ့ရှားကို သေချာပေါက် တွေ့ဆုံလိမ့်မယ်. မင်းအဒေါ်ကို မင်းပဲ တာဝန်ယူလိုက်ပါ..ဒီတစ်ခေါက် မင်းကြီးနဲ့ တွေ့ပြီးမကြာဘူး..သူမ နန်းတွင်းကို ဝင်ရလိမ့်မယ်.."
" ဟုတ်ကဲ့..အဖေ. ကျွန်တော် ဒေါ်လေးငယ်ကို နန်းတွင်းနဲ့ ပတ်သတ်သမျှ သင်ထားပေးပါ့မယ်.."
" ကောင်းပြီ.."
" ဒါဆို သားကို သွားခွင့်ပြုပါဦး.."
" ကျင်းချင်.."
မုယွီကျန်း ၏ နူးညံ့သောခေါ်သံ
မုယွီကျင်းချင် ဖခင်အား ပြန်လှည့်ကြည့်လိုက်သည်။
" ငါ့သားလေးက အခုမှ ၁၇ နှစ်ပဲရှိသေးတယ်ဆိုပေမယ့် မိသားစုအရေးတွေကို တာဝန်ယူနေရပြီ..မကြာသောအချိန်မှာ တိုင်းပြည်တာဝန်ပါ ထမ်းဆောင်ရတော့မှာ..တခါတလေ လူငယ်တစ်ယောက်လို ပေါ့ပေါ့ပါးပါးနေပါဦး..နောင်အသက်ကြီးသွားချိန်ကြမှ လူငယ်ဘဝကို ပြန်တမ်းတလို့မရဘူး.."
YOU ARE READING
မုယွီယဲ့ရှား
Historical Fictionခေတ္တရပ်နား.. ပြန်လာခဲ့ပါမယ် မိန်းမတစ်ယောက်ရဲ့ ချောမောလှပမှုဆိုတာ သူမအတွက် ကံကောင်းမှုလည်း ဖြစ်စေသလို ကံဆိုးမှုလည်း ဖြစ်စေနိုင်တယ်...
