Unicode.
မိုးဟာ အညိုးတကြီးပင်ရွာနေခဲ့သည်။ သေနာပတိချုပ် ၏ စျာပနဟာ မိုးကြီးမှုကို အံတုလျက် ပျားပန်းခက် စည်ကားနေဆဲ..
အနယ်နယ်အရပ်ရပ်မှ လာရောက်ဂါဝရပြုသော စစ်သူကြီးများ.မူးမတ်များ.ဆွေမျိုးများကို နေရာချပေးရင်း အိမ်တော်ရှိ အလုပ်သမားများ အလုပ်ရှုပ်နေခဲ့သည်။
အိမ်တော်၏ အနောက်ဘက်သီးသန့်ခြံဝင်းအတွင်း အိမ်ငယ်လေးတွင် မုယွီယဲ့ရှား ငြိမ်သက်စွာထိုင်နေခဲ့သည်။
ဖြူပြီးရိုးရှင်းသော စျာပနဝတ်စုံဟာ သူမ၏ လှပမှုကို မမှေးမှိန်စေနိုင်ပါပေ။ ခပ်နွေးနွေး လက်ဖက်ရည်ကြမ်းကို သုံးဆောင်ရင်း သည်းထန်စွာရွာသွန်းနေသော မိုးကို ကြည့်နေမိသည်။
တံစက်မြိတ်မှ ကျဆင်းနေသော မိုးရေဟာ ရေမြောင်းငယ်ကိုပင် လျှံစေလျက် ရေစက်ရေမှုန်များဟာ လွင့်ပျံ့လျက်...
ခြံဝင်းအတွင်းသို့ အစေခံတစ်ဦး ခပ်သုတ်သုတ်ပြေးဝင်လာခဲ့သည်။
" သခင်မလေး.. နေ့လည်စာ ရောက်ပါပြိီ..အိမ်တော်အရှေ့မှာ ဧည့်သည်တွေ အရမ်းများနေလိို့ သခင်လေးကျင်းချင်က ပို့ဆောင်ခိုင်းလိုက်ပါတယ်.."
" ကောင်းပြီ ဒီမှာပဲ ထားသွားလိုက်ပါ."
" သခင်လေးက သခင်မလေး သုံးဆောင်တာကို သေချာစောင့်ခိုင်းပါတယ်..သခင်မလေး အစားမဝင်ရင် လဲကျသွားနိုင်တယ်လို့ပြောတယ်..ဒါကြောင့် ကျွန်တော် သေချာစောင့်ပြီးမှ ပြန်ယူသွားပါမယ်."
ယဲ့ရှား အနည်းငယ်ပြုံးမိသွားသည်။ မွေးစားအဖေ သေဆုံးပြီး နှစ်ရက်အတွင်းမှာ သူမ အစားဟုတ်တိပတ်တိမစားမိပေ..လူတိုင်းက သူ့အလုပ်နှင့်သူရှုပ်နေချိန် ကျင်းချင်ကတော့ သူမကို ဂရုစိုက်မှုရှိသည်ဟု ခံစားရသည်။
သူမ ၈ နှစ်အရွယ် ဤအိမ်တော်ကို ရောက်လာချိန်မှစ သူမကို မည်သူမျှ ဂရုမစိုက်သလို မလိုမုန်းထားပင် ရှိကြသည်မှာ အမှန်ပေ..ဒါပေမယ့် ကောင်ငယ်လေး ကျင်းချင် တစ်ယောက်သာ သူမအပေါ် ဂရုစိုက်သည်လည်း မဟုတ် ဂရုမစိုက်သည်လည်း မဟုတ်သော အပြုအမူရှိခဲ့သည်။
YOU ARE READING
မုယွီယဲ့ရှား
Historical Fictionခေတ္တရပ်နား.. ပြန်လာခဲ့ပါမယ် မိန်းမတစ်ယောက်ရဲ့ ချောမောလှပမှုဆိုတာ သူမအတွက် ကံကောင်းမှုလည်း ဖြစ်စေသလို ကံဆိုးမှုလည်း ဖြစ်စေနိုင်တယ်...