Unicode.
မုယွီကျင်းချင် တစ်ယောက် တောင်တန်းကြီးကို ဆက်ငေးကြည့်နေဆဲ...
သူ့လက်ထဲမှ သေရည်ဟာ နွေးနေရာမှ အေးစက်လာနေခဲ့ပြီ...
တပ်မှူးရှန့် ထွက်သွားပြီးချိန်ကတည်းက သူ ထိုနေရာမှာပင် ဆက်လက်ထိုင်နေမိဆဲ..
လက်ထဲက သေရည်ခွက်ကို မော့လိုက်တော့ အေးစက်နေတဲ့သေရည်ကြောင့် စိတ်အနှောင်အယှက်ဖြစ်သွားရသည်။
" သေရည်ဆိုတာ နွေးနေတဲ့အချိန်လေးသောက်မှ အရသာရှိတာ..ပေး..ငါ ပြန်နွေးပေးမယ်."
သူ့လက်ထဲက သေရည်ခွက်ဟာ အဖြူရောင်ပေါ် သွေးကြောစိမ်းလေးများ ယှက်ဖျာနေသည့် လက်တစ်ဖက်က ယူဆောင်သွားခြင်းခံလိုက်ရသည်။
သူမက တဲစခန်းအလယ်ရှိ မီးဖိုပေါ်တွင် သေရည်အိုးကိုပြန်လည် အပူပေးနွှေးလိုက်ရင်း သူ့ကို ပြန်လည်ပြုံးပြလိုက်သည်။
အဖြူရောင်ပေါ် ပန်းရောင်လိပ်ပြာလေးများဖြင့် ချည်ထိုးအလှဆင်ထားသော ဝတ်စုံဟာ ရိုးရှင်းနေပေမယ့် သူမဝတ်ထားချိန်မှာတော့ နတ်သမီးတစ်ပါးကဲ့သို့ အလှတင့်စေပေသည်။
" ယဲ့ရှား.."
မုယွီကျင်းချင် ၏ အသံဟာ တုန်ရီအက်ကွဲနေခဲ့သည်။
သူမက သူ့ကို အလိုမကျဟန်ဖြင့် မျက်စောင်းထိုးရင်း ချိုသာပြီးနူးညံ့သော အသံဖြင့် ပြန်ဖြေလိုက်သည်။
" ကျင်းချင်..ငါ့ကို ယဲ့ရှားလို့ မခေါ်သင့်ဘူးနော်..နင်ဟာလေ.အကြီးကို အကြီးမှန်းမသိ..တစ်ယောက်ယောက်ကြားသွားရင် ကဲ့ရဲ့စရာဖြစ်နေမယ်.."
သူမက သူ့ကို ဆူနေခဲ့ပေမယ့် မုယွီကျင်းချင် ထံမှ မည်သည့်အသံမျှ ထွက်မလာတော့ပေ.သူက သူမ၏ လှုပ်ရှားမှုအသေးအကွေးလေးကိုတောင် အလွတ်မပေးတမ်းသာ လိုက်ကြည့်နေခဲ့သည်။ အဲ့ဒါဟာ နောင်တစ်ချိန်ပြန်မတွေ့ရနိုင်တော့သော အဖြစ်အပျက်ကို သေချာမှတ်သားကြည့်ရှုနေသလိုပင်..
မုယွီကျင်းချင် ထံမှ မည်ကဲ့သို့သော အသံမျှ မကြားရတော့ သူမကို စိတ်ကောက်သွားပြီမှန်း ထင်မှတ်လိုက်ပုံရသည်။ သူမက နူးညံ့ညင်သာသော အပြုံးတစ်ခုကို ဆင်မြန်းရင်း သူ့ကို စိုက်ကြည့်လိုက်သည်။ မေပယ်ရွက်တွေလို နီစွေးစွေးနှုတ်ခမ်းများမှတဆင့်...
ВЫ ЧИТАЕТЕ
မုယွီယဲ့ရှား
Исторические романыခေတ္တရပ်နား.. ပြန်လာခဲ့ပါမယ် မိန်းမတစ်ယောက်ရဲ့ ချောမောလှပမှုဆိုတာ သူမအတွက် ကံကောင်းမှုလည်း ဖြစ်စေသလို ကံဆိုးမှုလည်း ဖြစ်စေနိုင်တယ်...
