0:0

8K 348 30
                                    

Unicode

ငါ့လိုလူတစ်ယောက်သေသွားလည်း ဘယ်သူမှအရေးတယူ ငိုကြွေးနေမှာမဟုတ်ဘူး။

အထူးသဖြင့်ခင်ဗျား..ကျွန်တော်မရှိတော့ရင်...ပျော်မှာလား..။

၃၆ လွှာအမြင့်ရှိတဲ့ ကွန်ဒိုတိုက်ခန်းရဲ့အပေါ်ဆုံးထပ်မှာရိပေါ်ရပ်နေပြီး အောက်ကိုငုံ့ကြည့်တယ်။

ကျွန်တော်ခြေထောက်လေးနဲနဲလှမ်းတာနဲ့ ခင်ဗျားပျော်ရွင်ရတော့မယ်။

ရိပေါ်လက်တွေကိုဖြေးဖြေးချင်းဆန့်ထုတ်လို့ တိုးဝှေ့လာတဲ့လေကို အားပါးတရရှူရှိုက်လိုက်တယ်။

နောက်ဆုံးအကြိမ်အနေနဲ့ ခင်ဗျားနဲ့တူတူတိုးဝှေ့လာတဲ့လေတွေကို ခံယူချင်သေးတာ။

မဖြစ်နိုင်လိုက်တာနော်...ခုချိန်ခင်ဗျားက ဖာသာရှေ့မှာ ခင်ဗျားချစ်တဲ့မိန်းမနဲ့ ကျမ်းကျိန်ပြီးအကြင်အနာတွေ ပေးနေကြလောက်ရောပေါ့..။

အညတရလေးကျွန်တော်ကတော့ ဘယ်သူမှမသိခင်ပဲလောကကြီးထဲကနေ ထွက်သွားတော့မယ်။

ဒီလိုဆိုတော့လည်း Katy Perry ရဲ့ The one that got away ကိုသတိရမိသား။

ဒါပေမဲ့ နောက်ဘဝမှာတော့ခင်ဗျားရဲ့လူမဖြစ်ချင်တော့ဘူး။

လူတွေကနောက်ဆုံးအချိန်ရောက်ရင် ပျော်စရာတွေတွေးတတ်ကြတယ်တဲ့။

ကျွန်တော်လား..ကျွန်တော့်မှာပျော်စရာဆိုလို့ ခင်ဗျားရဲ့အပြုံးတွေပဲရှိခဲ့တာ။

ကျွန်တော့်ကြောင့်ဖြစ်တည်လာတာမဟုတ်တဲ့ ခင်ဗျားရဲ့အပြုံးတွေလေ။

ကျွန်တော်နဲ့ကျရင်တည်တင်းနေတဲ့မျက်နှာက ကျွန်တော့်အမနဲ့ကျရင်တော့ ပြုံးပျော်နေတတ်တယ်။

အဲ့အပြုံးတွေကိုထောင့်လေးကနေခိုးကြည့်ပြီး ကြည်နူးခဲ့ရတာတွေတော့ ခင်ဗျားသိမယ်မထင်ဘူး။

ဘာပဲဖြစ်ဖြစ်..နောက်ဆုံးအနေနဲ့ခင်ဗျားကိုတော့ တွေ့ချင်မိသား။

ကျွန်တော်ကအမှတ်မရှိဘူး..ကျွန်တော့်ကို ပစ်ပစ်ခါခါဆက်ဆံခဲ့တဲ့ ခင်ဗျားကို နောက်ဆုံးအချိန်ထိတွေ့ချင်နေတုန်းပဲ။

爱你是一场失败的游戏 (𝙻𝚘𝚟𝚒𝚗𝚐 𝚈𝚘𝚞 𝙸𝚜 𝙰 𝙻𝚘𝚜𝚒𝚗𝚐 𝙶𝚊𝚖𝚎)Where stories live. Discover now