ရိပေါ်နိုးလာတာနဲ့ ပြတင်းပေါက်ဖွင့်လိုက်တော့ လယ်ထဲမှာစပါးရိတ်နေတဲ့ရွာသူကြီးကလက်လှမ်းပြတယ်။ ရိပေါ်ပြုံးပြလိုက်ပြီး မနက်ခင်းလေကိုတစ်ဝကြီးရှုရှိုက်လိုက်တယ်။ ပြီးတာနဲ့အိမ်နောက်ဖေးကိုသွားပြီး အသင့်ဖျော်ကော်ဖီးတစ်ခွက်ဖျော်သောက်လိုက်တယ်။ သိပ်မကြာခင်မှာ အဖွားရဲ့ဆူပူသံကိုရိပေါ်ကြားလိုက်ရတယ်။
" အားရှန်ကတော့လေ ဘာလို့အသင့်ဖျော် ဖျော်ပြန်တာလဲ ရောဂါရအုံးမယ် "
ရိပေါ်ခပ်ဖွဖွရီပြီးအဖွားကိုပြန်ပြောလိုက်တယ်။
" အဖွားကလည်း အသင့်ဖျော်ကော်ဖီရဲ့အရသာကဘာနဲ့မှမလဲနိုင်ဘူးဗျ။ ပြီးတော့ ကျွန်တော်ဒီနေ့ရွှမ်လုကျဲနဲ့ကျောင်းသွားရအုံးမယ် "
ရိပေါ်ပြောတော့အဖွားကထပ်ပြီး ဗျစ်တောက်ဗျစ်တောက်ပြောတယ်။
" အဲ့တာကြောင့်ဘာလို့နောက်ကျမှထလဲ "
" ညကစာလုပ်တာများသွားလို့ပါဆို...အဖွားကလည်းဆူမနေနဲ့တော့...ညစာဘာစားမလဲ သားဝယ်ခဲ့မယ် "
အဖွားအိုကိုဖက်ပြီးချွဲသလိုပြောတဲ့ရိပေါ်ကို အဖွားကလက်ထဲကတုတ်ကောက်နဲ့ခပ်ဖွဖွခေါက်လိုက်တယ်။
" အသက်ဖြင့်ကြီးနေပြီ ချွဲချင်တုန်း... "
" ဟီးဟီး အဖွားကလည်း "
" အဖွားစားချင်တာမရှိဘူး မြေးအဆင်ပြေတာသာဝယ်ခဲ့ "
" ဟုတ် ဒါဆိုကျွန်တော်ရေချိုးပြီးရင်သွားတော့မယ် "
" မနက်စာကရော "
" ကြုံသလိုပဲဖွားရေ "
ရိပေါ်ရေချိုးခန်းထဲပြေးဝင်သွားပြီး ရေကိုခပ်မြန်မြန်ချိုးလိုက်တယ်။ ပြီးတာနဲ့အဝတ်လဲလိုက်ပြီး သူ့မျက်မှန်ကိုကောက်တပ်ကာအိမ်ကနေပြေးထွက်လာတယ်။
လူချစ်လူခင်ပေါတဲ့ရိပေါ်ကိုလမ်းမှာတွေ့သမျှလူတွေကလည်းနှုတ်ဆက်ကြတာကြောင့် ရိပေါ်ပြန်နှုတ်ဆက်ရသေးသည်။ သူရောက်တော့ ရွှမ်လုကျဲကျဲကတုတ်ကိုင်ပြီးစောင့်နေတယ်။ အိစ်...ရိုက်ခံရတော့မယ်။
" ကျဲ...ဟီးဟီး... "
" အားရှန် နင်နောက်ကျတယ် ရထားမမှီရင်ဘယ်လိုလုပ်မလဲ "
YOU ARE READING
爱你是一场失败的游戏 (𝙻𝚘𝚟𝚒𝚗𝚐 𝚈𝚘𝚞 𝙸𝚜 𝙰 𝙻𝚘𝚜𝚒𝚗𝚐 𝙶𝚊𝚖𝚎)
FanfictionSE -.- (Zhanyi ; Top Xiao Zhan and Bottom Wang Yibo) Start Date - 4 June 2021 End Date - 2 August 2021