0:9

2K 210 21
                                    

Unicode

ရိပေါ်အတွေးများစွားနဲ့ ဖက်ထုပ်ဆိုင်မှာထိုင်နေပြီဖြစ်တယ်။ သူ့ရှေ့မှာရှောင်းကျန့်က သူ့ကိုထိုင်ကြည့်နေသည်။ ရိပေါ်စိတ်ထဲသိချင်တာတွေကများနေတာကြောင့် မေးဖို့သာဆုံးဖြတ်လိုက်သည်။

" ရှောင်းကျန့်.... "

" ဝမ်မေးချင်တာတွေများနေမှာသိတယ် ကိုယ်မဖြေနိုင်ဘူး။ "

ရိပေါ်မေးတောင်မမေးရသေးခင်ပိတ်ပြောလိုက်တာကြောင့်
ရိပေါ်မျက်နှာမဲသွားသည်။ ငါဘာမေးမလဲသူသိတာမလို့လား။ ဟမ့်။

ဖက်ထုပ်လာချပေးတာနဲ့ရိပေါ် ဖက်ထုပ်ကိုသာငုံ့ပြိးတစ်ခုပြီးတစ်ခုကောက်ထည့်မိတယ်။

" ဖြေး​ဖြေးစားလေ ကိုယ်လုမစားပါဘူးဝမ် "

မျက်စောင်းပိတ်ထိုးလိုက်ပြီး ပါးစပ်ထဲကဖက်ထုပ်တွေကိုဝါးနေလိုက်သည်။ အများကြီးထိုးထည့်ထားတာကြောင့် နဂိုထဲကဖောင်းနေတဲ့ပါးက ပိုဖောင်းသွားပြီး နောက်ကနေကြည့်ရင်တောင်မြင်နိုင်ရလောက်တယ်။

" ကလေး "

ရင်းနှီးနေတဲ့အသံကြောင့် ရိပေါ်မော့ကြည့်တော့​ရှောင်ယွီကသူ့ကိုပြုံးပြနေတယ်။

အဟွတ်! အဟွတ်!

ရိပေါ်လန့်သွားပြီး စားနေတာသီးသွားတယ်။ ဘုရားရေ...ငါသေနေ့စေ့တော့မှာလား။ မယားကြီးနဲ့ညစာစားနေတာကိုမယားငယ်တွေ့သွားတယ်လို့ ဘာလို့ခံစားနေရတာပါလိမ့်။

" ဝမ်...ဖြေးဖြေးစားပါဆို။ အဆင်ပြေပြီလား "

" အင်း...ဘဲ...အင်း...ယွီကောဘယ်လိုရောက်လာတာလဲ "

နှုတ်ကနေလွှတ်ခနဲခေါ်မိတော့မဲ့နာမ်စားကိုအမြန်ထိန်းလို့ မေးလိုက်တယ်။ သူ့ရှေ့မှာကျန့်ကောရှိနေတယ်။ ကျန့်ကောစိတ်ဆိုးလို့မဖြစ်ဘူး။

" ကိုယ်ကဒီနားမှာပဲနေတာလေ...ကလေးကိုတွေ့လို့ဝင်လာတာ...ဒါနဲ့သူက... "

" စီ...စီနီယာအကို...နေ့လည်ကျောင်းဆင်းတော့ မုန့်တူတူလာစားတာ "

" ဪ...ဟုတ်ပါပြီ...ညနေလာကြိုမယ်နော် "

" ဗျ..ဗျာ... "

爱你是一场失败的游戏 (𝙻𝚘𝚟𝚒𝚗𝚐 𝚈𝚘𝚞 𝙸𝚜 𝙰 𝙻𝚘𝚜𝚒𝚗𝚐 𝙶𝚊𝚖𝚎)Where stories live. Discover now