2:1

1.3K 120 5
                                    

Unicode

" ဝမ်အိမ်ပြန်မလာဘူး ဟုတ်လား "

" ဟုတ်ပါတယ် ဥက္ကဌ "

" ဟက်! ကလေးကတော့လေ... "

ရှောင်ယွီမတ်တပ်ထရပ်ပြီးပြောလိုက်တယ်။

" ရှောင်းကျန့်နဲ့ဝမ်မိန်ယွဲ့ရဲ့အလီဘိုင်လိုချင်တယ်... "

" ဟုတ်ကဲ့ "

ထွက်ပြေးတယ်ပေါ့လား...ထွက်ပြေးရုံနဲ့ရှာမတွေ့တော့ဘူးလား။ ကလေးရယ်...ကိုယ်ကမင်းကိုဒီတိုင်းလွတ်လိုက်ပါ့မလား...။

ရှောင်ယွီ သူ့အဖေရဲ့အခန်းထဲသွားလိုက်တော့ သူ့အဖေကစာဖတ်နေတယ်။ သူ့ကိုတွေ့တော့ဘာလဲသဘောနဲ့မျက်ခုံးပင့်ပြတယ်။

" အဖေ့သားအငယ်ဆုံးက အဖေ့အချစ်ကလေးကိုခိုးပြေးသွားပြီ။ မဟုတ်သေးဘူး...ကျွန်တော့်အချစ်ကလေးလို့ပြောရမလား "

" ဘာပြောတယ်! "

ရှောင်ယွီ့အပြောကြောင့် သူ့အဖေချက်ချင်းမတ်တပ်ထရပ်ပြီးဒေါသတကြီးမေးလာသည်။ လုံအောင်သာပုန်း ကလေး...လိုက်ရှာမဲ့သူက ကိုယ်တစ်ယောက်ပဲမဟုတ်လို့။

" ခုချက်ချင်း ရိပေါ်နဲ့ Sean ကိုရှာကြစမ်း ပိုက်စိပ်တပ်ပြီးလိုက်ရှာ! "

ရှောင်ယွီသဘောတကျပြုံးလိုက်တယ်။ သူ့အဖေကရိပေါ်ကိုစိတ်ဝင်စားနေတာကြောင့် မရရအောင်ရှာမှာ။ ရှာပြီးဘာလုပ်မလဲမသိပေမဲ့။ သူကတော့သူ့အဖေလက်ကနေရိပေါ်ကိုကာကွယ်ရအုံးမယ်။ သူ့အဖေကရောက်ရာနေရာခြေဆေးပြီး ချောပေ့လှပေ့ဆိုရင်ခြေတော်တင်တယ်လေ။ အဲ့လိုကြောင့်ပဲ သူ့မှာအကိုတွေညီတွေ ညီမတွေစုံလို့။ ဟော တူတစ်ယောက်တောင်အဆစ်ပါသေး။ ရိပေါ်ကိုတော့အဲ့လိုမဖြစ်စေချင်။ ရိပေါ်ကသူကာကွယ်ရမဲ့ကလေး။

ရှောင်ယွီသူ့အဖေကိုပြောပြီးအိမ်အောက်ပြန်ဆင်းလာလိုက်တယ်။ အိမ်အောက်ရောက်တော့ သူ့အဖေရဲ့လူတွေကအသင့်ရပ်စောင့်နေတယ်။ သူ့ကိုတွေ့တော့ခေါင်းငုံ့ပြကြပြီး သူကလည်းပြန်ငုံ့ပြလိုက်တယ်။

ဗီရိုထဲကအရက်ပုလင်းကိုထုတ်လို့ အသင့်ရှိနေတဲ့ခွက်ထဲထည့်လိုက်တယ်။ သူဒီနေ့မူးအာင်သာက်မယ်။ မနက်နိုးရင်တာ့ ကလေးကိုရှာတွေ့လောက်ပါပြီ။

爱你是一场失败的游戏 (𝙻𝚘𝚟𝚒𝚗𝚐 𝚈𝚘𝚞 𝙸𝚜 𝙰 𝙻𝚘𝚜𝚒𝚗𝚐 𝙶𝚊𝚖𝚎)Where stories live. Discover now