Unicode
ကလင်ကလင်!
နေ့လည်ထမင်းစားဆင်းတော့ရိပေါ် လွယ်အိတ်လွယ်ပြီးကန်တင်းဘက်ကိုထွက်လာလိုက်တယ်။
ရိပေါ်ရောက်လာတာနဲ့ရုတ်တရပ်ကြီးတိတ်သွားတဲ့သူတွေကြောင့် သူမျက်ခုံးတွေကျုံ့မိသွားတယ်။ ဘာထပ်ဖြစ်ကြတာလဲ။
ရိပေါ်မုန့်ဝယ်ပြီးတဲ့ထိကိုတိတ်နေကြတော့ နေရထိုင်ရခက်လာတာကြောင့် ခေါင်းကိုငိုက်စိုက်ချပြီးမုန့်စားနေလိုက်တော့တယ်။ အဲ့ကျမှပြန်ဆူညံလာတဲ့လူတွေကြောင့် ရိပေါ်နေသာထိုင်သာရှိသွားတယ်။
" ရိပေါ်ကောကော! "
အသံကြားလိုက်တာနဲ့ရိပေါ်ခါးတို့ကမတ်ခနဲ။ သောက်ကလေးဘာပြသနာရှာအုံးမလဲမသိဘူး။ ငါ့ကိုနေ့လည်စာလေးတော့ပေးစားပါ ဟုတ်ပြီလား။
" ရိပေါ်ကောကော...ရှန်းယွီတို့သူငယ်ချင်းလုပ်ကြမယ်လေ...နော် "
ရိပေါ်မကြားချင်ယောင်ဆောင်ပြီးမုန့်ဆက်စားနေလိုက်တယ်။
" ကိုကိုလို့...နော်... "
" ပေ့ရှန်းယွီ မင်းအရှက်မရှိဘူးလား လူတွေမင်းကိုကြည့်နေပြီ "
" ဟင့်အင်း ဟင့်အင်း ကိုကိုနဲ့သူငယ်ချင်းဖြစ်ဖို့ဆို အရှက်မရှိရလည်းရတယ် "
ကန်တင်းရှိလူများ။ ...........
ဒီပေ့ရှန်းယွီကတယ့်ကိုအရှက်မရှိတာပဲ။ အခုလည်းရိပေါ်နားထိုင်ပြီး ရိပေါ်လက်မောင်းကိုလှုပ်နေတယ်။ နေ့လည်စာတောင်သူကောင်းကောင်းမစားရသေးဘူး။
" သူငယ်ချင်းလုပ်မယ်မလား ကိုကို "
" မ လုပ် ဘူး "
" ကိုကိုကဘာမှန်းမသိဘူး သူငယ်ချင်းလုပ်ပါမယ်ဆိုတာကို။ သိပြီသိပြီ ကိုကိုကကျွန်တော့်ထက် တခြားသူနဲ့သူငယ်ချင်းလုပ်ချင်တာမလား။ မရဘူးနော် ကျွန်တော်နဲ့ပဲလုပ်။ "
ဝမ်ရိပေါ်။ ............
မင်းထင်တာတွေမပြောပဲ ငါ့ကိုနဲနဲလောက်ပြောခွင့်ပေးပါအုံးဟုတ်ပြီလား။
" အင်း "
" တကယ်လား ကိုကို...ကျွန်တော်တို့သူငယ်ချင်းဖြစ်သွားပြီနော် "
YOU ARE READING
爱你是一场失败的游戏 (𝙻𝚘𝚟𝚒𝚗𝚐 𝚈𝚘𝚞 𝙸𝚜 𝙰 𝙻𝚘𝚜𝚒𝚗𝚐 𝙶𝚊𝚖𝚎)
FanfictionSE -.- (Zhanyi ; Top Xiao Zhan and Bottom Wang Yibo) Start Date - 4 June 2021 End Date - 2 August 2021