0:3

2.7K 258 19
                                    

Unicode

Club ကနေထွက်လာပြီးရိပေါ်တစ်ယောက် ဆိုင်ကယ်ပတ်မောင်းလို့ မြစ်ကမ်းဘေးနားထိုင်နေမိတယ်။

မျက်လုံးထဲပြန်မြင်လာတဲ့မြင်ကွင်းကသူ့ကို အကြိမ်ကြိမ်နှိပ်စက်တယ်။

မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ကိုင်ပြီး စီးကျလာတဲ့မျက်ရည်တွေကို ခပ်ကြမ်းကြမ်းဆွဲပွတ်ပစ်တယ်။

တကယ်ကိုပဲ...သူဘာလုပ်သင့်လဲ...။

" ရှောင်းကျန့်ရာ...မင်းငါ့ကိုဘဝဆက်တိုင်းနှိပ်စက်ပါရစေလို့များ ဆုတောင်းထားလားကွာ "

ရိပေါ်ညစ်ညူးစွာ ငြီးလိုက်ပြီး ခေါင်းကိုငိုက်စိုက်ချကာထိုင်နေလိုက်၏။

" ကျန့်ကော မင်းသူမကိုဟင်းချက်ကျွေးခဲ့မှာပေါ့နော် "

ဟင်းချက်နေတဲ့ကျန့်ကောလက်တွေရပ်သွားတယ်။ ပြီးနောက် ယောင်းမပြန်ကိုင်ပြီး ဟင်းဆက်ချက်နေတယ်။ ရိပေါ်လျစ်လျူရှုခံရပြန်ပြီ။

" ကျန့်ကော မင်းသူမကိုဟင်းထည့်ပေးဖူးမှာပေါ့နော် "

" ဝမ်ရိပေါ် မင်းဘာဖြစ်နေလဲ ကျစ် မထည့်ပေးဖူးဘူး ဟုတ်ပြီလား "

ဒေါသထွက်ပြီးထသွားတဲ့ရှောင်းကျန့်ရဲ့နောက်ကျောကို ရိပေါ်ကမျက်ရည်အဝိုင်းသားနဲ့လိုက်ကြည့်မိတယ်။ သူကဒီတိုင်းမေးကြည့်ရုံပါ။

" ရိပေါ် ဒန့်တန်...ပျော်ရွှင်ဖွယ် 520 နေ့ဖြစ်ပါစေ "

ရှောင်းကျန့်ပေးလာတဲ့လက်ဆောင်ဗူးကို ရိပေါ်ဖွင့်ကြည့်လိုက်တယ်။ အထဲမှာထည့်ထားတဲ့အရာက ရိပေါ်အမုန်းဆုံးအရာ။

" မုန်လာဥသကြားလုံး...ရိပေါ်အရမ်းကြိုက်တာမလား... "

" ကျန့်ကော...ငါ... "

" အာ...ရိပေါ်ခဏနော် Honey... "

ဖုန်းကိုင်ပြီးထသွားတဲ့ရှောင်းကျန့်က ရိပေါ်ဆက်ပြောလာတာမကြားခဲ့ဘူး။

" ငါမုန်လာဥမကြိုက်ဘူးလေ ကျန့်ကော "

လက်ဆောင်ဗူးကြီးကိုင်ပြီး ရိပေါ်ကအပြင်ကိုကြည့်တော့ ကျန့်ကောကဟန်နီဆိုတဲ့သူနဲ့စကားပြောနေတာ ပြုံးရွှင်နေတာပဲ။

爱你是一场失败的游戏 (𝙻𝚘𝚟𝚒𝚗𝚐 𝚈𝚘𝚞 𝙸𝚜 𝙰 𝙻𝚘𝚜𝚒𝚗𝚐 𝙶𝚊𝚖𝚎)Where stories live. Discover now