1:8

1.2K 109 16
                                    

Unicode

" ကြင်ယာလောင်းလေးဒီဘက်ကြည့်ပေးပါ "

Shit! အဲ့နာမည်ကိုထပ်ခါထပ်ခါခေါ်နေကြတာ သူတို့အမေလင်နာမည်မလို့လား။ ရိပေါ်စိတ်အိုက်နေပြီ သူဝတ်ထားရတဲ့အထပ်ထပ်သောရိုးရာဝတ်စုံက သူ့ကိုအသက်ရှူကြပ်သေဖို့လုံလောက်စေတယ်။

" ခဏလေး နားလို့မရဘူးလား ကျွန်တော်အသက်ရှူကြပ်ပြီးသေတော့မယ် "

ဓာတ်ပုံရိုက်သမားက Mr.Jones ကိုကြည့်တော့ Mr.Jones ကခေါင်းငြိမ့်ပြတယ်။ ဟုတ်တယ်။ သူတို့ဓာတ်ပုံလာရိုက်နေတာ။ သူနဲ့ယွီကောပဲလာတာဆိုပေမဲ့ Mr.Jones နဲ့ကျန်းသခင်မကမပြောမဆိုရောက်ချလာတယ်။

သူတို့ရောက်လာတာနဲ့ ရိပေါ်နဲ့ယွီကောရဲ့ ရိုးရိုး Suit နဲ့ရိုက်မယ်ဆိုတဲ့အတွေးတွေက လွင့်စင်ကုန်တယ်။ တစ်ယောက်က ​ဗြိတိန်လူမျိုး...တစ်ယောက်ကရှေးရိုးစွဲ။ ရိပေါ်တို့အခုဝတ်စုံတွေလဲနေတာ ဆယ်ထည်နီးပါးရှိပြီ။ ကျန်းသခင်မစိတ်တိုင်းမကျသေး။ သူလည်းအသက်ရှူကြပ်ပြီးသေတော့မယ်။

" ယွီကော ဘယ်အချိန်မှပြီးမှာလဲ ကျွန်တော်မွန်းကြပ်လို့သေတော့မယ် "

" ခဏနေပြီးလောက်ပါပြီ။ ဘာစားမလဲ "

" အမဲသား "

" အင်း "

သူတို့စကားပြောနေတုန်း ကျန်းသခင်မရောက်လာတယ်။

" ဝမ်ရိပေါ်လေး အဝတ်ကအဆင်ပြေရဲ့လား "

" ကျန်းသခင်မစိတ်မရှိရင် ကျွန်တော်ပြောပါရစေ အရင်တစ်စုံနဲ့ရိုက်ထားတာပိုအဆင်ပြေပါတယ် "

" အင်း...ဒါနဲ့လည်းရိုက်လိုက်လေ ပြီးမှရွေးတာပေါ့။ "

" ဟုတ်ကဲ့ "

ရိပေါ်ဘာမှဆက်မပြောတော့ပါချေ။ သူပြောလို့ရမယ်ထင်လား?

သူတို့ဓာတ်ပုံရိုက်ပြီးတဲ့နောက် ယွီကောနဲ့တူတူစားမဲ့နေ့လည်စာက Mr.Jones တို့လင်မယားနဲ့တူတူစားဖြစ်သွားတယ်။ စားသောက်ဆိုင်ထဲမှာဘာသံမှမထွက်။

မထွက်ဆို ကျန်းသခင်မနဲ့မင်းသား ၉ ရောက်နေတာကိုး။ အသံမထွက်တဲ့ထဲရိပေါ်လည်းပါတယ်။ အရင်ကဆိုယွီကောနဲ့နေ့လည်စာစားရင်ကရားရေလွှတ် ပြောတတ်တဲ့ရိပေါ်က ဒီနေ့မှာတော့ ဘယ်ကိုလိုက်ပို့ပါတောင်မပူဆာရဲ။

爱你是一场失败的游戏 (𝙻𝚘𝚟𝚒𝚗𝚐 𝚈𝚘𝚞 𝙸𝚜 𝙰 𝙻𝚘𝚜𝚒𝚗𝚐 𝙶𝚊𝚖𝚎)Where stories live. Discover now