2:4

1.8K 113 6
                                    

Unicode

ရိပေါ်အခန်းကျယ်ကြီးရဲ့ထောင့်မှာ ဒူးနှစ်ဖက်ကိုပိုက်ပြီး ကိုယ်ကိုခပ်ကျုံ့ကျုံ့ထိုင်လို့ ငိုနေတယ်။ ဟုတ်တယ် သူငိုနေတာ။

ဝမ်းနည်းနေတာရောဒေါသထွက်နေတာရောရောပြွန်းပြီးအဆုံးသတ်မှာ ငိုဖို့ပဲသူတတ်နိုင်တယ်။

သူ့အဖေနဲ့အမေကသူ့ကိုယွီကောဆီက ကုမ္ပဏီနဲ့လဲခဲ့တယ်ဆိုတာကိုမယုံပေမဲ့ ကိုယ်တိုင်ကြားခဲ့ရပြီးနောက်မှာသူမယုံလည်းမရတော့။ သူသိခဲ့ရတယ်။ သူကလူတိုင်းရဲ့အသုံးချခံအရုပ်သာသာပဲ။

မိုးနတ်မင်းကဘာလို့များသူ့ကို ပြန်ရှင်သန်ဖို့အခွင့်အရေးပေးခဲ့တာလဲ။ တခါထဲအသက်ပါယူလိုက်ပါတော့လား။ သူသေခဲ့ရင်တောင်ဒီအရှုပ်တွေဖြစ်လာမှာမဟုတ်ဘူး။

အခုသူ့မှာအမေ အဖေဆိုပြီးခေါ်ရမဲ့သူလည်းမရှိတော့ဘူး။ ကျန့်ကောနဲ့လည်းတွေ့ဖို့မဖြစ်နိုင်တော့ဘူး။ သူမလိုချင်တဲ့သူနဲ့ယူပြီး အရုပ်တစ်ခုလိုနေပေးရအုံးမယ်။ ဘာလို့သူ့ကိုမှလဲ။ ဘာလို့သူ့ကိုမှဒီကိစ္စတွေလာဖြစ်နေရတာလဲ။

ရိပေါ်ငိုနေတုန်း အခန်းတံခါးပွင့်လာတာကြောင့် သူ့ခန္ဓာကိုယ်ကပို၍ပို၍ကျုံသွားတယ်။ သူကြောက်တယ်။ မြေအောက်ခန်းမှာ ကျန့်ကောကိုအညှာအတာမရှိနှိပ်စက်ခဲ့တဲ့ယွီကောကိုသူကြောက်တယ်။ အရင်ကယွီကောကသူ့ကိုနူးညံ့တယ်။ အခုယွီကောကအကြောက်တရားပေးတယ်။

" ကိုကို ထမင်းမစားဘူးဆို "

ကြားနေကျအသံထွက်လာလေတော့ ယွီကောမဟုတ်မှန်းသလိုက်ရတယ်။ ပေ့ရှန်းယွီ။

" ကိုကို ထမင်းမစားပဲမနေပါနဲ့ တစ်လုတ်လောက်တော့စားလိုက်ပါလား...ရှန်းယွီယူလာတယ် ကိုကိုကြိုက်တဲ့ဖက်ထုပ် "

ဖက်ထုပ်နံ့မွှေးမွှေးကသူ့ကိုလာစားပါလို့ဆွဲဆောင်နေတယ်။ ယွီကောမဟုတ်ပဲရှန်းယွီဖြစ်တာကြောင့် ရိပေါ်ထောင့်နားလေးကနေထွက်လာလိုက်တယ်။ ရှန်းယွီကတော့သူ့ကိုအန္တာရယ်မပေးလောက်ပါဘူး။

" လက်ထပ်ပွဲကသန်ဘက်ခါဆိုစပြီ ကိုကို ဘယ်လိုဖြစ်လို့ဒီလိုနေနေတာလဲ "

爱你是一场失败的游戏 (𝙻𝚘𝚟𝚒𝚗𝚐 𝚈𝚘𝚞 𝙸𝚜 𝙰 𝙻𝚘𝚜𝚒𝚗𝚐 𝙶𝚊𝚖𝚎)Where stories live. Discover now