1:1

1.6K 146 12
                                    

Unicode

" ကိုကို နောက်ဆုံးတော့ ကိုကိုကျောင်းလာပြီပေါ့ "

" ပေ့ရှန်းယွီ မင်းငါ့ကိုအတန်းထဲပေးဝင်ဖို့စိတ်ကူးတော့ရှိတယ်မလား "

အပေါင်ဝတွင်ပိတ်ရပ်ကာမေးနေတဲ့ ပေ့ရှန်းယွီကိုရိပေါ်ပြန်ပြောလိုက်ပြီး တွန်းတိုက်လို့အခန်းထဲဝင်လာသည်။

" ကိုကို ကိုကိုစိတ်မကြည်ဘူးလား "

ပေ့ရှန်းယွီပြောတာကိုရိပေါ်မကြားချင်ယောင်ဆောင်လို့ ခုံပေါ်မှောက်အိပ်နေလိုက်သည်။ သူတကယ်ကိုစိတ်ရှုပ်နေတာပင်။

" စိတ်ရှုပ်ရင် သီချင်းအော်ဆိုပစ်ရတယ်တဲ့ ကျွန်တော်ဆိုအဲ့လိုပဲအော်ဆိုတာ ကိုကိုရောဆိုကြည့်ပါလား "

ရိပေါ်ဘာမှပြန်မပြော။ သူဘာမှပြန်ပြောချင်စိတ်မရှိ။ သူကျန့်ကောကိုမတွေ့ရသေးဘူး။ အရမ်းလွမ်းတယ်။

ဒေါက်!

" ဒီအခန်းမှာဝမ်ရိပေါ်ရှိလား "

ထွက်ပေါ်လာတဲ့သြရှရှအသံကြောင့်တစ်ခန်းလုံးတိတ်သွားကြသည်။ ရိပေါ်ကတော့အာရုံမရှိ။

" ဝမ် "

သူ့ရဲ့နားနားကပ်ပြီးထွက်လာတဲ့အသံကြောင့်ရိပေါ်ပြန်အော်ထုတ်လိုက်တယ်။

" ရှောင်းကျန့်က ငါ့ကိုအသံနဲ့ပါနှောင့်ယှက်ပါလားကွာ "

ထပ်ထွက်လာတဲ့ခပ်တိုးတိုးရီသံကြောင့် ရိပေါ်ခေါင်းထောင်ကြည့်တော့ သူ့နားတွင်ကျန့်ကောကရပ်ကာရီနေသည်။ ရိပေါ်ရုတ်တရပ်မလို့လန့်သွားပြီးချောင်းဟန့်မိသည်။

" သွားရအောင် "

" ဟမ် ဘယ်...အား ရှောင်းကျန့်! "

လက်ကနေဆောင့်ဆွဲခေါ်သွားတဲ့ကျန့်ကောကြောင့် ရိပေါ်ယက်ကန်ကန်နဲ့ပါသွားသည်။

အတန်းထဲကလူတွေက သူတို့ကိုအထူးအဆန်းသဖွယ်ကြည့်နေသလို ပေ့ရှန်းယွီကလည်းအကြောင်သားလေးကြည့်နေမိတယ်။

ကျောင်းပြင်ရောက်တော့ ရပ်ထားတဲ့ဆိုင်ကယ်ပေါ်တက်ခိုင်းတဲ့ရှောင်းကျန့်က ရိပေါ်ကိုကျောင်းပြေးပါလို့ပြောနေသယောင်။

爱你是一场失败的游戏 (𝙻𝚘𝚟𝚒𝚗𝚐 𝚈𝚘𝚞 𝙸𝚜 𝙰 𝙻𝚘𝚜𝚒𝚗𝚐 𝙶𝚊𝚖𝚎)Where stories live. Discover now