0:7

2.4K 221 33
                                    

Unicode

ဟော့ပေါ့စားပြီးနောက် ရှောင်ယွီကရိပေါ်ကိုအိမ်လိုက်ပို့တယ်။ ညနဲနဲမှောင်နေတာကြောင့် လမ်းမှာကားတွေရောလူတွေရောရှုတ်ရှပ်ခတ်နေပြီး ညအလှကိုတမျိုးလေးဖော်ကျူးနေတယ်။

ရိပေါ်အပြင်ကိုငေးနေရင်းပဲလိုက်လာတယ်။ ​ရှောင်ယွီ ကတော့ရိပေါ်အိပ်ငိုက်နေလို့ထင်ချင်ထင်လိမ့်မယ်။ ဒါပေမဲ့ရိပေါ်အိပ်ငိုက်နေတာမဟုတ်ဘူး။

အရင်ဘဝကအကြောင်းတွေသူပြန်တွေးနေတာ။ အရင်ဘဝမှာဒီကိစ္စတွေတစ်ခုမှမဖြစ်ခဲ့သလို ကျန်း​ရှောင်ယွီဆိုတဲ့လူကြီးနဲ့လည်း တစ်ခါမှမတွေ့ခဲ့ဖူးဘူး။

ရိပေါ်ပါးကျောင်းတက်ခိုင်းတာကိုကလန်ကဆန်လုပ်တယ် ကျောင်းမတတ်ပဲ ကျန့်ကောနောက်ပဲလျှောက်လိုက်ပြီး အိမ်ထဲပဲနေတာကြောင့်လည်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ရိပေါ်ရဲမှတ်ဉာဏ်တွေထဲ ​​ရှောင်ယွီမပါတာတော့အမှန်ပင်။

" ကလေး ရောက်ပြီ "

​​ရှောင်ယွီအသံပြုမှအိမ်ရောက်မှန်းသိပြီး ကားပေါ်ကဆင်းလိုက်တယ်။

" အဟမ်း..လိုက်ပို့ပေးလို့ ကျေးဇူး "

ရိပေါ်ပြောပြီးအပေါ်တက်မယ်အလုပ်မှာ ရိပေါ်ရဲ့လက်ကိုလှမ်းဆွဲတဲ့သူ။

" ကလေး "

ရိပေါ်လှည့်ကြည့်ပြီးဘာလဲသဘောနဲ့ မျက်ခုံးပင့်ပြလိုက်တယ်။

" အင်း...ကောင်းသောညပါ ကောင်းကောင်းအိပ်နော် "

" ခင်ဗျားရောပဲ "

ရိပေါ်လက်ကိုမလွှတ်ပေးသေးပဲ ရုတ်တရပ်ကြီး လက်ဖမိုးကိုနမ်းလိုက်တဲ့​ရှောင်ယွီကြောင့် ရိပေါ်မျက်လုံးတွေအပြူးသား။

" ခင်...ခင်ဗျား.ဘာ...ဘာလို့နမ်းတာလဲ..ကျွန်တော်ကမိန်းကလးလည်းမဟုတ်ပဲ "

" ကလေးက ကိုယ့်ရဲ့သတို့သားလောင်းလေ...နမ်းလို့မရဘူးလား "

" ဘယ်သူကခင်ဗျားနဲ့ယူမယ်ပြောလို့ ဟွန့် အိပ်မက်မက်နေလိုက် "

ရိပေါ်ပြောပြီး ခြေဆောင့်ကာအိမ်ပေါ်တက်သွားသည်။ ဟွန်း သူနဲ့ယူမယ်ပြောမိတာကျလို့။ မားမားစိတ်ချမ်းသာအောင်သာ ဘာမှမပြောပဲပါးစပ်ပိတ်နေပေးတာ။

爱你是一场失败的游戏 (𝙻𝚘𝚟𝚒𝚗𝚐 𝚈𝚘𝚞 𝙸𝚜 𝙰 𝙻𝚘𝚜𝚒𝚗𝚐 𝙶𝚊𝚖𝚎)Where stories live. Discover now