0:1

4.2K 375 42
                                    

Unicode

မျက်လုံးအိမ်တို့အားဖြေးညှင်းစွာဖွင့်လိုက်တဲ့အခါမှာ မြင်လိုက်ရတဲ့အဖြူရောင်အိပ်ခန်းငယ်ကဆီးကြိုနေတယ်။

ဘာလဲ သူအခုနတ်ပြည်ရောက်နေတာလား...ဒါမှမဟုတ်..သေပြီးဝိဥာဥ်အဖြစ်နဲ့မြင်နေရတာလား။

အဲ့အတွေးတွေကိုရိပေါ်ရဲ့မားမားအသံက အဖြေပေးလိုက်တယ်။

" ဝမ်လေးရေ သားနိုးနေပြီဆိုအောက်ဆင်းခဲ့တော့နော် "

သူ..၃၆ လွှာကနေခုန်ချပြီး ပြန်ကယ်ထားတာလား။ မဖြစ်နိုင်တာ ၃၆ လွှာကခုန်ချတာ အနည်းဆုံးဦးနှောက်ပွင့်မှာပဲ..။

ဒါဆိုဖြစ်နိုင်ချေက...သူ...ပြန်လည်မွေးဖွာလာတာလား..။

ရိပေါ်အိပ်ယာကနေထထိုင်လိုက်ပြီး သူ့ရဲ့လက်တွေကိုကြည့်တော့ သူမသေခင်ကလိုမျိုး လက်ကောက်ဝတ်မှာဘာဓားရာမှမရှိဘူး။

ရိပေါ်အမာရွတ်မရှိပဲချောမွတ်နေတဲ့သူ့အသားအရေကို လက်နဲ့ပွတ်လိုက်တယ်။

နူးညံ့လိုက်တာ..သူဘာလို့များအရင်က လက်ကိုလှီးခဲ့ပါလိမ့်...။

အိပ်ယာကနေမတ်တပ်ထရပ်ပြီး ကိုယ်လုံးပေါ်မှန်ထဲမတ်တပ်ရပ်ပြီးသွားကြည့်တော့ ကိုယ့်ကိုယ်ကိုတောင်ပြန်ကြိုက်ချင်သွားတယ်။

ချောလိုက်တဲ့ငါပါလား..။ ဘာလို့များအရင်က ရှောင်းကျန့်အကြိုက်တွေအတိုင်းလိုက်နေခဲ့လဲမသိဘူး။

ရိပေါ်ဆုံးဖြတ်လိုက်တယ်။ ဒီဘဝမှာထပ်ပြီးရှောင်းကျန့်မကိုချစ်မိစေရဘူး။

သူပြန်မွေးဖွာလာတဲ့အချိန်ကစောတယ်လည်းမဟုတ်ဘူး နောက်ကျတယ်လည်းမဟုတ်ဘူး။

သေချာတာကတော့ သူရှောင်းကျန့်ကိုဖွင့်ပြောပြီးပြီထင်တယ်။

သူနဲ့ရှောင်းကျန့်စတွေ့တဲ့နေရာက Guangzhou မြို့ကနေကြာခင်းကြီးထဲမှာ။

အဲ့နေ့ကရှောင်းကျန့်ရဲ့ပုံစံကရိပေါ်ရဲ့ နှလုံးသားကိုခိုးယူသွားခဲ့တာလေ။

အင်္ကျီအနက်ဘောင်းဘီအနက်နဲ့ ရှောင်းကျန့်ကသူ့ညီမလေးဖြစ်တဲ့ ရှောင်းချင်ကိုနေကြာပန်းခင်းထဲမှာ ဓာတ်ပုံရိုက်ပေးနေတယ်။

爱你是一场失败的游戏 (𝙻𝚘𝚟𝚒𝚗𝚐 𝚈𝚘𝚞 𝙸𝚜 𝙰 𝙻𝚘𝚜𝚒𝚗𝚐 𝙶𝚊𝚖𝚎)Where stories live. Discover now