Unicode
ရှောင်းကျန့် ကွန်ဒိုရောက်တာနဲ့ စိတ်တိုစွာဖြင့်တွေ့သမျှပစ္စည်းတွေအကုန်ပစ်ထုတ်မိတယ်။
သူအရမ်းဒေါသထွက်နေတယ်။ ဝမ်ရိပေါ်က...ရာရာစစသူ့ကိုစိန်ခေါ်တယ်ပေါ့လေ!
သူ့ရှေ့မှာ ကျန်းရှောင်ယွီကိုနမ်းတယ်ပေါ့လေ! မရဘူး။ ဝမ်ရိပေါ်ဆိုတာသူ့အပိုင်။ သူက...သူကတော့ဝမ်ရိပေါ်အပိုင်မဟုတ်ဘူး။
" ဘာတွေစိတ်တိုနေတာလဲ Sean "
ချိုသာစွာထွက်လာတဲ့အသံက ရှောင်းကျန့်အိပ်ခန်းထဲက။ အခန်းပြင်ထွက်လာတဲ့မိန်ယွဲ့က ဂါဝန်အနီရောင်ပေါင်လယ်လောက်ကိုဝတ်ထားပြီး သူမရဲ့ဆံနွယ်တွေကိုဖြန့်ချထားတယ်။
" ဘယ်လိုရောက်နေတာလဲ ယွဲ့အာ "
" Sean ကလာမတွေ့မှတော့ တို့ကပဲလာရတော့တာပေါ့ "
ပြောပြီး ရှောင်းကျန့်ကိုဖက်လာတဲ့သူမက အရမ်းလှတာတော့ဝန်ခံပါရစေ။
" ရေချိုးထားတာလား ယွဲ့အာ "
" အွန်း ဘာလို့လဲ "
" ဟင့်အင်း...လှတယ် "
ပြောပြီး ရှောင်းကျန့်ယွဲ့အာရဲ့ခေါင်းကိုပုတ်ပေးလိုက်သည်။ ပြီးနောက်သူမရဲ့ကျောပြင်နဲ့ပခုံးကိုပွတ်သပ်လိုက်သည်။
" တူတူမနေချင်ဘူးလား Sean "
" Sorry...ကိုယ်မင်းကိုလက်မထပ်ရသေးသ၍ အဲ့ကိစ္စသဘောမတူနိုင်ဘူးယွဲ့အာ "
" Sean ကကွာ...Sean တို့ကိုမယူမှာသိနေတာကို တို့ကလက်ထပ်တဲ့ထိစောင့်ရမှာလား "
" Game ကမပြီးသေးဘူးလေ ယွဲ့အာ...ယွဲ့အာမှာအချိန်တွေရှိပါသေးတယ် "
သူပြောတော့ မျက်စောင်းထိုးတဲ့ယွဲ့အာကြောင့် ရှောင်းကျန့်ရီမိတယ်။
" ဗိုက်ဆာပြီလား "
" အင်း.. "
ရှောင်းကျန့် ယွဲ့အာကိုဖက်ထားရာမှလွှတ်လိုက်ပြီး သူမကိုထမင်းစားပွဲမှာထိုင်ခိုင်းလိုက်သည်။
" ယွဲ့အာကြိုက်တဲ့ စပါကတီချက်ပေးမယ် "
" ချဥ်ချဥ်လေးနော် ကိုကို "
YOU ARE READING
爱你是一场失败的游戏 (𝙻𝚘𝚟𝚒𝚗𝚐 𝚈𝚘𝚞 𝙸𝚜 𝙰 𝙻𝚘𝚜𝚒𝚗𝚐 𝙶𝚊𝚖𝚎)
FanfictionSE -.- (Zhanyi ; Top Xiao Zhan and Bottom Wang Yibo) Start Date - 4 June 2021 End Date - 2 August 2021