"အားရန် ဒီအစ်မဆီ ဘာလုပ်လာတာလဲ"
"ယောက်ဖတော်က နောက်မိဖုရားမြှောက်မလို့ဆို"
'ဖေးရန်မေးလိုက်တော့ မိဖုရားမျက်နှာလေးငယ်သွားသည်'*White*
(ခခ ပြော)
*ငါက ဘုရင်ကို ဖြုတ်ချတ်ထား ဝမ်ဖေးလီက ကြိုက်ပါ့မလား သူ့ယောက်ျားလေ ဒီခန္ဓာရဲ့ ခဲအိုပဲ*
(ဘုရင်ကိုနန်းကျခိုင်းတာလေ သတ်ခိုင်းတာမှမဟုတ်တာ ခခ ရယ်)
*ဟုတ်သား*
"မမ ဘာမှဝမ်းမနည်းနဲ့သိလား အားရန်က စောင့်ရှောက်ပေးမှာ"
"ချစ်ဖို့ကောင်းလိုက်တာ ဒီအမတော်ကို ချစ်ရင် သေရည်သောက်တာလျှော့သင့်တယ်ပါ့ အမတော်မောင်က စကားနားထောင်မယ်မို့လား"
"ဟုတ်"
(ခခ)
*ဘာလဲ*
(OOC ဖြစ်လို့မရဘူးနော်)
*ဘာလဲ OOC က*
(Out Of Character မူလ ပုံစံနဲ့ကွဲထွက်အောင်မလုပ်ရဘူး)
*ငါက မကွဲထွက်ပါဘူး ဒဏ်ရာ ရလို့ လိမ္မာသွားတာလေ နောင်တရနေတဲ့သဘော*
(ခခက တော်တယ်)
*ဒါနဲ့မင်းကို မမြင်ကြဘူးလား*
(ခခ တစ်ယောက်ပဲမြင်နိုင်တာပါ)
"ဒါဆို ကျနော်ပြန်တော့မယ် ရော့ ဒါမမအတွက်အားဆေး အားရန်ကိုယ်တိုင် ဝယ်လာတာ"
"ဒီအမတော် သောက်ပါ့မယ်"
(ခခ ဘာဆေးလဲ)
*ဗိုက်ကြီးမြန်တဲ့ဆေး*
(ငင့်)
*White*
(ရှိ)
*မင်းက စစ်ထွက်လား*
(ဘယ်ကသာ Whiteက စစ်သားတွေမုန်းနေတာ Whiteကို လာမနှိုင်းနဲ့ဟွန့်)
*ဟုတ်ပါပြီ*
(ခခ side mission ရှိပါတယ် point 100 ရမှာပါ)
*ဘာလုပ်ရမှာလဲ 100ထဲကို ငါမလုပ်ဘူး*
(ဟာ မရဘူးနော် ခခက အခုမှစလုပ်တာpoint မရှိရင် Whiteလဲမကယ်နိုင်ဘူး ခခ သေသွားလိမ့်မယ် point ကို ရသလောက်စုဆောင်းပါ)
YOU ARE READING
Happy System(Completed)
RomanceSystem Start date=14/6/2021 End date=20/11/2021 Author= Yin Lay