Arc.1.1(ဝမ်ဖေးရန်/ဝမ်ဖေးရန်)

20.5K 1.5K 86
                                    

*အား ချီးးးပဲနာလိုက်တာ White ဘာလို့သေလောက်အောင်နာတာလဲ*

(System တိုင်း ဒီလိုပါပဲ ဒါတောင် ပါးပါးလေးရှိသေးတာ)

*ချီးးပဲ*

"အားးကျွတ် ကျွတ်"

"သားလေး သားလေး သတိရလာပြီ ဖေကြီး ကျုပ်တို့သား သတိရလာပြီ"

*ဘာတွေလဲ*

(ဇာတ်ကြောင်းပို့ပေးလိုက်ပါပြီ)

*အားးးးWhite စုတ်*

"ဖေကြီး သားလေး ပြန်မေ့သွားပြန်ပြီ"

အခုကမ္ဘာက တရုတ်နန်းတွင်းပုံစံ ဒီကမ္ဘာရဲ့ဇာတ်လိုက်က ကျန်းလီရှင်း ကျန်းမျိုးဆက်ရဲ့ဘုရင် အရာရာထက်မြတ်ပြီး စစ်ရေးကျွမ်းကျင်တယ် အချစ်ဆုံးမိဖုရားတစ်ပါးသာရှိတာ

ဇာတ်လိုက်မ က တောရွာ ဇနပုတ်က မိန်းကလေး သွေ့ချီယု
ဆေးပညာ ကျွမ်းကျင်တယ် မင်းကြီးစစ်ပွဲမှာ ဒဏ်ရာ ရတော့ သူက ပြုစုယုယ ဘုထပြီးတော့ ပြန်လာတော့ နန်းတွင်းခေါ်လာပြီး မိဖုရားမြှောက်

အာ့မှာ ရိုးသားတဲ့တောသူမလေးက ကြာပန်းဖြူမ သူ့ရဲ့ဆေးပညာနဲ့ မင်းကြီးကို ဆွဲဆောင်ထားတာ မိဖုရားခေါင်ဖြစ်တဲ့ ဝမ်ဖေးလီကိုလဲ အပါယ်ခံဆိုပြီးပြော မိဖုရားက တောသူမက အထက်စီးဆန်နေတော့ မကျေနပ်လို့ပါးရိုက် ဘုရင်လာတာနဲ့တိုး ဟိုကြာပန်းမက ချွဲနွဲ့ကုန်းတိုက် ဝမ်ဖေးလီကို ရာထူးကချ တောသူမကို မိဖုရားခေါင်မြှောက်

တောသူမ သွေ့ချီယု က ဝမ်ဖေးလီဆီသွားပြီး အမျိုးမျိုး စိတ်ဒုက္ခရောက်အောင်လုပ် ဘုရင့် ရင်သွေးလဲ သူကလွယ်ထားရတယ်ပြော နောက်ပိုင်း ဝမ်ဖေးက စိတ်ကျရောဂါ ရပြီး သတ်သေသွား

သူကကောဘယ်သူလဲ ဝမ်ဖေးလီရဲ့မောင် ဝမ်ဖေးရန် အမတ်ချုပ်ကြီးဝမ်မင်းဟောင်ရဲ့သား သေရည်သောက်စား အပျော်ကြူးနေသူ ဘယ်သူ့မှလူမထင်သူ ဒါပေမယ့် သူ့အစ်မကို အရမ်းချစ်တာ သူ့အစ်မက ဟိုတောသူမကြောင့်သေတာသိတော့ သွားပြီးသတ်တာ သေရည်ကလဲသောက်ထားတော့ တောသူမတောင်မထိရသေးဘူး အဓမ္မကျင့်တယ်ဆိုပြီး ဘုရင်ကိုယ်တိုင် ဓားနဲ့လည်ပင်းဖြတ်ပစ်ကော

Happy System(Completed)Donde viven las historias. Descúbrelo ahora