Arc.9.3

7.7K 803 53
                                    

နောက်တစ်နေ့တွင်;
"တေးချင်းး ညည်းကို သိုသိုသိပ်သိပ်နေလို့ ငါမပြောဘူးလား ဟမ် အခု ကြည့်စမ်း အကုန် ဂယက်ရိုက်နေပြီ ငါ့သားက အခြောက်တစ်ယောက်နဲ့ ယူထားတာတဲ့ CEO က ဘာလဲဆိုပြီး မေးနေပြီ အရင်က ငါမပြောဘူးလား ငါ့သားက ဦးစီးဦးဆောင် လုပ်နေတာ သိက္ခာ မချနဲ့ဆိုတာ"

"မေမေ!!"

"သားး အသာနေစမ်း"

"ထမင်းစားနေတယ် ဧည့်ခန်းကစောင့်နေ  အန်တီကြီးး ဖျော်ရည် ချပေးထားလိုက်"

"ဘာ  တေးချင်းး  ညည်း လူကြီး သူမကို မသိတတ်ပါလားး"

ဒုန်းးး ခလွမ်း

"အစားးစားနေတဲ့အချိန် လေ များတာလောက် စိတ်တိုတာမရှိဘူးး ဘာတဲ့အခြောက် နဲ့ယူထားတယ်လို့သတင်းထွက်တယ် အဒေါ့် သားယူထားတာ အခြောက်ပဲလေ အခုမှဘာပူနေတာလဲ အခြောက်မှန်းသိရဲ့နဲ့ ပေးစားခဲ့တာပဲမို့လား"
'တေး က စားပွဲကို ထုပြီး ထမင်းပန်းကန်ပြားကို လွှင့်ပစ်လိုက်ပြီး ဒေါ်စိုးမဟာ ကို ပြန်ပြောလိုက်သည်'

"အမလေးးး  အာကာသ  မင်းမြင်လားး ဒီမိန်းမက မဆုံးမပေးလို့ ကမ်းတက်လာတာ လူကြီးကိုလဲ ပြန်ပြောနေတယ် ပေးစားမိတာ ငါ့အမှားပါအေ"

"ဦးလေးထွန်း  ကွာရှင်း စာချုပ်ယူလာပေး"

"တေးးး!"

"ဘယ်လို  အိမ်ထောင်ရေးးကို ဘယ်လို ထင်နေတာလဲ ယူချင်းတိုင်းယူ ကွဲချင်တိုင်းကွဲနေရအောင်"

"ပေးစားမိတာ မှားတယ်ဆို ကိုယ့်သားကို ပြန်ခေါ်သွား ကိုယ်မွေးထားတာက သား လား နွား လား အရင်ကြည့် အုံး  တေးချင်းဆိုတဲ့ ကျုပ်က ခြံခုန်တဲ့နွားတွေဆို ရွံတယ်"

ဖြန်း**
'ဒေါ်စိုးက တေးပါး ရိုက်လိုက်သည်'
"ညည်းက ငါ့သားကို နွားနဲ့နှိုင်းတယ် ကိုယ့်အဆင့်ကိုယ်သိ ငါ့သားက ယူထားလို့ အခြောက်တန်မယ့် လင်ရနေတာများ"

"မေမေ  တော် ပါတော့ တေး ငါတောင်းပန်တယ်"
'အာကာသလဲ ထိုင်နေရာကနေ သူ့အမေကို ထဆွဲရတော့သည်'

ဖြန်းး**
"နင့်အမေ ကို ငါမရိုက်ရ ရင် ငါ့လင် ဖြစ်တဲ့ နင့်ကို ရိုက်မယ် အာကာသစိုးမဟာ  ကျေနပ်လား"
'တေးက  အာကာသ  ပါး ကို ပြန်ချလိုက်သည် အာကာသက ကြင်နာအကြည့်နဲ့ပဲကြည့်နေလေသည်'

Happy System(Completed)Where stories live. Discover now