Real Life 2

7.7K 712 21
                                    

"မောင် ပြောပြတော့လေ ခ သိချင်လှပြီ မောင်က ခကို ဘယ်လိုသိခဲ့တာလဲ ဒီမှာ လာထိုင်ပြော"
'ခခက စားပွဲကနေ ကုတင်လေးပေါ်ပုတ်ပြပြီး ဘုန်းကို ခေါ်လိုက်သည်'

"ပါးစပ်ထဲက ကုန်အောင်ဝါးပါအုံးပေါက်စရယ် မောင်က ထွက်မပြေးပါဘူးး"
'ဘုန်းက ခခရဲ့ ပါးစပ်က ဆီတွေကို သုတ်ပေးနေလေသည်'

"သိချင်လှပြီကို မောင့်လို ပြစ်ချက်မရှိ ခန့်ညားချောမော ပြီးပြည့်စုံနေတဲ့ အရှင်က ခခလို သာမာန်လူကို လာချစ်တာလေ"

"မောင့်ကို ဆွဲထားအုံးး ပေါက်စ ချီးကျူးလို့ မြောက်တော့မှာ"
'ဘုန်းက လေပေါ်မြောက်နေတဲ့သဏ္ဍန်လုပ်လိုက်သည်'

"မောင် မမြောက်အောင် ပေါက်စလေးးက ဒီလိုဖိထားးမှာ"

"ဟားဟားး မောင့် ဝက်ကလေးး "
'ခခက ထိုင်နေတဲ့ ဘုန်းကို တွန်းလှဲပြီး ဘုန်းရင်ဘတ်ပေါ်မှောက်လျက်လေး ဖိထားတော့သည်'

"ခ ဝက်ဖြစ်တာ မောင်က အတင်းကျွေးလို့ပါနော်"

"ပေါက်စ ဘာဖြစ်ဖြစ် မောင်က ချစ်ပြီးသားပဲ"

"မောင် ပြောပြဆို ခ က ဒီလိုလေး နားထောင်မယ်"

"ဟုတ်ပါပြီဗျာ  ဇိမ်ခံပြီး အိပ်မသွားရဘူးးနော်"

"စိတ်ချ နားထောင်နေမယ်"

"တကယ်တော့ ပေါက်စက မောင့်ဧကရီဖြစ်ဖို့ ကံကပါလာပြီးသား"
'ဘုန်းက သူ့ရင်ဘတ်ပေါ်က ခခကို ခေါင်းလေးပွတ်ပေးပြီးပြောပြနေလေသည်'

"အဲ့ဒါဆို မောင်နဲ့ခခက ညားကို ညားမှာ အဲ့သဘောလား"

"အင်း ဟုတ်တယ် "

"ခခ ကို ဘယ်လို စတွေ့ခဲ့တာလဲဟင်"

"မောင်က ပေါက်စ ၁၀တန်းလောက်ကတည်းက မြင်ဖူးတယ် "

"ဟင် တကယ် ဘာလို့ လာမခေါ်တာလဲ"

"မောင်က တက်ခါစဘုရင်ဖြစ်သေးတာ ပေါက်စကို လဲ မချစ်မိသေးဘူး ဘာလို့သိလဲဆို ရာမာန်က မြွေအဖြစ် ပေါက်စကို လှန့်လိုက်လို့ သိတာ"

"ဟုတ်တယ် မြွေခရမ်းကြီးကြောင့် ခ အမှတ်တွေနည်းကုန်တာ စိတ်ရောဂါအထူးကုနဲ့ပြရသေးတာ"

Happy System(Completed)Donde viven las historias. Descúbrelo ahora