Real Life 6

6K 618 49
                                    

"ဘယ်လို မနက်ဖြန်ဆောင်မှာ ဟဲ့ ကလေးတွေ ငါတို့က ဘာမှမပြင်ဆင်ရသေးဘူးဟဲ့"
'ခခရဲ့အိမ်တွင် မိဘ လေးယောက် ရောက်နေကြတာဖြစ်သည်'

"မေမေကလည်း မောင်က အကုန်ပြင်ဆင်ပေးမှာ "

"မမ က ဘာတွေ ပြင်ဆင်မှာလဲ ပို နု မလာတော့ဘူးးနော် သားရဲ့ မိဘနေရာက နေပေးရ ရင်တော်ပေါ့"

"အေး အဲ့ဒါဆို နင့်ကို ပုဆိုးစုတ်နဲ့ပွဲတက်ခိုင်းမယ်လေ တက်မှာလား"

"မမမိုးပြောတာ ဟုတ်တယ်  မေ လည်း ဘာမှ မပြင်ရသေးဘူး"
'ဒေါ်မေထက်ကပါ ဝင်ပြောလိုက်သည်'

"မိန်းကလေးတွေများ လှချင်လိုက်ကြတာ"

"ကိုစိုး အခုပဲ အင်္ကျီသွားချုပ်ရအောင်"
'ဒေါ်မိုးမခ က သူ့နောက်ယောက်ျား ဦးစိုးမိုးနိုင်ကို လက်ဆွဲပြောနေလေသည်'

"တော်ကြပါတော့ အဖေတို့ အမေတို့ရေးး ကိုဘုန်းက အားလုံး စီစဉ်ပြီးသားပါဆို"
'ထက်ထက်က မိဘများကို စိတ်လေတယ်ဆိုတဲ့သဘောနဲ့ပြောလိုက်သည်'

"ဒါနဲ့ အမေတို့က အဲ့မြွေတိုင်းပြည်ကို လာရတယ်လား အမေတို့က လူ လေ"
'ဒေါ်မိုး က မေးလိုက်လေသည်'

"မေမေကလည်းနော် မေမေ့သားမတ်က ဘုရင်ပါ ရအောင်လုပ်ပေးမှာပါဆို တွေးပူနေကြတယ်"

"ပူရမှာပေါ့ ခခရယ် ကိုယ့်သားလေးကတစ်သက်မှတစ်ခါပဲ မင်္ဂလာဆောင်တာကို"

"မေမေတို့က ဒီလူ့လောကမှာကော ဆောင်စေချင်ရင် ဒီမှာပဲ ဆောင်ပါ့မယ် နေ့ရက်ကတော့ မေမေတို့ရွေးပေးပေါ့"

"ရတယ် ဒီဆီမဆောင်ဘူးး လူတွေက စောက်ကဲ့ရဲ့ထူတယ် ငါ့သားတွေကို ပြောမှာမခံနိုင်ဘူး ထိုနမ်ဇရာမှာပဲ ဧကရီရဲ့မိခင်နေရာကနေ တက်မယ် Cinderella ထဲကလို ဂါဝန်တွေနဲ့လေ"
'ဒေါ်မိုးမခက ဂါဝန်ပုံစံနဲ့ က သလို လုပ်ပြနေလေသည်'

"မိုး  ရယ် သားတွေနဲ့ကို အိနြေ္ဒလေး ထိန်းပါအုံးး"
'ဦးစိုးမိုးက ပြောလိုက်လေသည်'

"ဒီနဖူးစည်းလေးတွေ ပတ်ခဲ့ကြပါ ထိုနမ်ဇရာကို စိတ်မှန်းလိုက်ပါ ရောက်လာမှာပါ"

"ဒီ နဖူးစည်း ပဲ ယူလာရမှာလား "
'ဒေါ်မေထက် က မေးလိုက်လေသည်'

Happy System(Completed)Where stories live. Discover now