Arc.1.Final

13.5K 1.2K 31
                                    

(အမောင် ခခ စစ်သူကြီးရင်ခွင်ထဲကထသင့်နေပြီဖြစ်ကြောင်း)

"အယ် ရောက်ပြီလား ဟီး😁"

"မင်းလေးကတော့လေ တကယ်တော်ပါပေတယ်"

"အခုဘယ်လိုလုပ်ကြမလဲဟင်"

"မိဖုရားကြီးကွယ်လွန်ကြောင်း ပြည်သူတွေကို အသိပေးရမယ် "

"ဟုတ်တယ် ဟိုတောသူမကိုပါ မိဖုရားခေါင်မြှောက်မယ်ဆိုတာ အသိပေးရမယ် အရှင့်ကို အပြစ်တင်ကြပါစေ မမကို ပစ်ထားတာကို သတင်းကိုလေ ကွေ့ဖေးကပဲမနာလိုသလို ကောလဟလလေးပါပြောပေးရမယ်"

"ယွီချန်"

"ဟုတ်ကဲ့"

"ဒီသတင်းကို တိုင်းပြည်ထဲကြေညာလိုက်  ကွေ့ဖေးအကြောင်းပါ ထည့်ပြောခဲ့"

"နားလည်ပါပြီ အရှင်"
'သူတို့သခင်မို့ အရှင်ခေါ်တာပါနော်ဘုရင်မို့ဟုတ်ဘူး'

"မေမေတော့ တကယ်ထင်ပြီး မေ့လဲနေမလားပဲ"

"ပေါက်စက သခင်မကြီးကို ပြောမပြထားဘူးလား"

"ဟီးးးဟုတ်တယ် မေမေက မလိမ်ညာတတ်သလို ဟန်လဲမဆောင်တတ်ဘူး ကြိုပြောထားရင် ဘယ်လိုပီပြင်တော့မလဲ"

(ဟိုက မေ့လဲသွားပြီ)

*ဆွားးးတီးပါ မေမေ ဟီးး*

(ဒါလား အချေကောင်လေးက )

*ရေမြေအလိုက်ပြောင်းလဲတတ်ရတယ် အခုဘဝမှာ ငါ့ကိုအလိုလိုက်တဲ့ မေမေ ဖေဖေ မမရှိတယ်လေ*

(စစ်သူကြီးကောထည့်လိုက်ပါ)

*အင်း သူကောပါ့*

ထိုနေ့ကတော့ ပြည်သူပြည်သားတွေ သူတို့မိဖုရားခေါင်အတွက် စိတ်မကောင်းဖြစ် ငိုကြွေးကြသလို ကွေ့ဖေးကို မိဖုရားခေါင်မြှောက်မှာလဲ တားမြစ်နေကြတော့သည်

"တောက် ဒီလူတွေကို အကုန်မီးလောင်တိုက်သွင်းသင့်တာ ငါ့ကိုများရာရာစစ မိဖုရားခေါင်နေရာက မထိုက်တန်ဘူးလေးနဲ့ အဟက် ဝမ်ဖေးလီက အ လိုက်တာ  ဒီဆေးလေးက အသုံးဝင်လိုက်တာ တမလွန်ကဖွားဖွားကို ကျေးဇူးတင်ပါတယ် ပြည့်တန်ဆာမြေးမလေးကို ဘုရင့်အချစ်တော်မိဖုရားခေါင်ဖြစ်လာအောင် ဆေးပညာသင်ပေးထားခဲ့လို့"

Happy System(Completed)Where stories live. Discover now