"မေမေ"
"သားလေး သက်သာလား ဘယ်နား နာသေးလဲ"
"သားက အကုန်သက်သာနေပါပြီ ဆေးရုံဆင်းလို့ရပြီလားဟင်"
"တစ်ရက်လောက် နေလိုက်ပါအုံး ပေါက်စရယ် စိတ်ချရအောင်"
"ကျုပ်က မေမေ့ကိုမေးနေတာ ဦးစောစေရာ သားအမိကြားသူစိမ်းဝင်မပါနဲ့"
"သားးကလဲ စေရာလေးက သားကို ချစ်ပါတယ် သားငယ်ငယ်ကလည်း စေရာနဲ့အတူ ကစားခဲ့တာလေ"
"အကျိုး လို လို့ညောင်ရေသွန်းးနေတာ "
"သားကလဲ"
"ပြောပါစေ ပေါက်စက ငယ်သေးလို့ပဲ"
"ဒီမှာ ဦးစောစေရာ ကျုပ်ကို ပေါက်စဆိုပြီး ရင်းနီးသလို လာမခေါ်နဲ့ ပထွေးက ပထွေးနေရာနေ"
"တိမ်ယံဦးး!!!ဘာလို့ရိုင်းနေတာလဲ"
"ကိုယ့်အမေနောက်ယောက်ျား ယူမှာကို ဘယ်သားကမှ သဘောမကျဘူးး ဆေးရုံဆင်းပြီ"
'တိမ်ယံက ကုတင်ပေါ်ကနေဆင်းသွားတာပေါ့'"ဟာ ဟေ့လူ ဘာလုပ်တာလဲ"
'စေရာက တိမ်ယံကိုခါးကနေပွေ့ပြီး ကုတင်ပေါ်တင်ပေးတာပေါ့'"ပေါက်စက ငယ်ငယ်ကလို မဟုတ်တော့ဘူးးဂျစ်ကန်ကန်ဖြစ်လာပြီ မမစိတ်ဆင်းရဲအောင်မလုပ်နဲ့ မနက်ဖြန်မှဆင်း"
"ခင်ဗျားကဘာမို့ အမိန့်လာပေးနေတာလဲ ဖယ်စမ်းလက်ကို လာမထိနဲ့ ရွံတယ်"
"ဟူးးးးးသားးကဆိုးလိုက်တာ"
"ငယ်သေးလို့ပါ"
*ဒင်းးက အဖေလို ပြုမူနေတယ် အချိုခံသက်နေတာ မသိဘူးမထင်နဲ့ ပထွေးစုတ် *
'တိမ်ယံကကုတင်ပေါ်ထိုင်လျှက် စေရာကို ဂြိုလ်ကြည့် ကြည့်နေတာပေါ့'"မမ Company သွားမှာလား ကျွန်တော် လိုက်ပို့မယ်လေ"
"ရတယ် စေရာပဲ သွားလေ အားနာမနေနဲ့ "
"အားနာစရာရမယ့် လူတွေမှ မဟုတ်တာလေ ဒါဆို ပြန်ခွင့်ပြုပါအုံး"
"အေးအေး ကားကို ဂရုစိုက်မောင်း"
"~မှောက်သေရမှာ~"
"ကိုယ်ကြားရတယ်"
"အရှက်မဲ့လိုက်တာ"
"သားကတော့လေ စေရာကို အကောင်းမြင်စမ်းပါ သူကသားကို အရမ်းချစ်တာ "
YOU ARE READING
Happy System(Completed)
RomanceSystem Start date=14/6/2021 End date=20/11/2021 Author= Yin Lay