Arc.7.8

7.5K 768 39
                                    

🙏🙏ကြိုတောင်းပန်ပါတယ်နော် ယဉ်လေး ficကလေ ယဉ်လေး ပြန်ပြောပြနေရာမှာ ပုံပြင်ပြောနေသလို 'ပေါ့'
ဆိုတာကို တအားထည့်ထားတာလေ အကျင့်လဲဖြစ်နေလို့ပါ ပြီးတော့ ယဉ်လေးတို့ရွာ ဓလေ့ကလဲအပြောများလို့ပါ အဲ့ဒါ ဖတ်ရတာအဆင်မပြေနေတာလေ  ဒါပေမယ့်လဲ ယဉ်လေး တခြား စာလုံး ထည့်တယ် အဆုံးသတ်နေရာက ဘာမှ ထည့်မရနေတာ  ဒါမို့  စာသားအဆုံးနေရာလေးတော့ 'ပေါ့'ထည့်ပါရစေနော်  ပေါက်စလေးတို့က သည်းခံဖတ်ပေးကြပါနော် 😘😘😘😘

****************************************

"သားကြီးး သားးငယ် ဘာဖြစ်ကြတာလဲ"

"မယ်တော်ရယ် စပ်စုလိုက်တာ"

"အရှင်က ဘာလို့လာရတာလဲ ဘာအပြစ်လုပ်တာလဲသိရမှာလေ ရုံအာ ကကော နတ်ဆိုးအရှင်နဲ့ ဖူးစာကြိုး ဖြတ်ခဲ့ပြီလား"

"ဖြတ်ခဲ့ပြီ မယ်တော်"

"တော်ပါသေးးရဲ့  ငါ့သားငယ်လေးး နတ်ဆိုးကြင်ယာမဖြစ်တော့ဘူးး"

"ကြိုးဖြတ်ခဲ့ပေမယ့် သားက  မောင်နဲ့ မင်္ဂလာဆောင်မှာနော်"

"မောင်   ဘယ်သူလဲ ရုံအာ"
'ခမည်းတော်က သိချင်စောနဲ့ ဝင်မေးလိုက်ကာ '

"နတ်ဆိုးအရှင်ကိုပြောတာလေ  သူကသားရဲ့ ချစ်သူ သားနဲ့လက်ထပ်မှာ"

"ဘယ်လို  ရုံအာရယ်   နတ်ဆိုးအရှင်က ရက်စက်သူလေ"

"မယ်တော်တို့က အထင်နဲ့ဆုံးဖြတ်နေတာ မောင်က ရုံအာကို တအားချစ်တာ နောက်ရက်တွေ့ပေးမယ်"

"ဒါပေမယ့်လဲ  အဲ့နတ်ဆိုးအရှင်က ခမည်းတော်တို့ထပ် အသက်ကြီးနေမှာလေ"

"ခမည်းတော်ကလဲ  အချစ်မှာ ကြီးတာ ငယ်တာ မရှိပါဘူးး စိတ်မပူပါနဲ့"

"သွားးစမ်းးးရုံအာ  ထွက်စမ်းးး မိဘရှေ့ကိုတမောင်မောင်နဲ့"

"မနာလိုနေတာ မကျေနပ် သိကြားမင်းဆီ သွားလေ မူနေပြီး"

"သိကြားမင်းး ဘာလဲ ရုံအာ"
'မယ်တော်က မသိသလိုလေးမေးနေတာကို'

"ကောင်းကင်အရှင်ကို ပြောတာ"

"သားငယ်က ထားပါ ဖုန်းအာက အရှင်နဲ့ ဘာဖြစ်ရတာလဲ ခြိမ်းခြောက်လိုက်သေး ဒီမယ်တော်တို့ကို နတ်သက်ကြွေစေချင်နေတာလား"

Happy System(Completed)Where stories live. Discover now