Arc.10.9

5.4K 635 18
                                    

*ထက်ထက် Mission ပြီးပြီမို့လား*

(မပြီးသေးဘူး ခခ မင်္ဂလာ မဆောင်ရသေးလို့)

*အင်းလေ ဟိုမျောက်မကိုလည်း ရှင်းရအုံးမယ် လင်တာရူးမကို*

(ခခ သတ်ရမယ်လို့ မပါဘူးနော် ကြက်သီးထတယ်)

*အခြေအနေ  အရပေါ့  ထက်ထက် ဟိုဟာ မျောက်မမို့လားးဘယ်သွားတာပါလိမ့်*

(လိုက် ချောင်း လေ တောအုပ်ဘက်သွားနေတာ)
'ဝန်ဏမြို့ပြင်နဲ့ နန်းတွင်းက ကြားမှာ တောအုပ်သွားတဲ့လမ်းလေးရှိပါတယ်  တောအုပ်ကြီးရဲ့ဘေးမှာ မှ ဝန်ဏရာဇာတိုင်းတည်ရှိတာပါ'

"မိဖုရားခေါင် ဘယ်သွားမလို့ပါလဲ ခဏ နေရင် အရှင်က ဝေါယာဉ် လွှတ်လိုက်ပါ့မယ်တဲ့"

"အိုက်ယားး  မစီးချင်လို့ ခြေကျင်လာတာလေ အခု အပေါ့စွန့်ချင်လို့ တောထဲ ခဏသွားမလို့"

"အန္တရာယ်များပါတယ် မိဖုရားး နန်းတော်လည်းရောက်တော့မှာမို့ ခဏသည်းခံပေးပါ"

"တောအုပ် နီးနေတာလေ ဒီလမ်းကသွားလိုက် ခဏပဲကို"

"အရှင့် အမိန့်မို့ပါ"

*ထက်ထက်  အပ် ၅ချောင်းပေးး*

(ဘာလုပ်မလို့လဲ)

*သူတို့မေ့ ကျော ပစ်မလို့လေ ဟို မျောက်မက မျက်ခြေပြတ်တော့မှာ*

(တော်စမ်းပါ ခခရယ် မတော် သူတို့ မျက်လုံးတွေမှန် ကန်းကုန်ပါ့မယ် ထက်ထက်လို System ကို အားကိုးလိုက်ပါ)

*တော်တယ်  ထက်ထက်လေးး  မြန်မြန်လာ*
'ထက်ထက်က ရဲမတ် ၅ယောက်ကို အိပ်ဆေးဖြန်းလိုက်တာဖြစ်သည် စိတ္တလည်း ပုဆိုးမပြီး တောထဲသွားရာလမ်းဆီ ပြေးတော့သည်'

*မျောက်မ ဘယ်ရောက်သွားတာပါလိမ့်*

(အောက်လမ်းနည်းတွေများ သုံးးနေသလားး)

*သူပါသာ အောက်လမ်းသုံးလည်း ငါ့လင်ရဲ့အောက်ပစ္စည်းက ငါ့အတွက်ပဲ ဖြစ်လာမှာ*

(လင်တာရူး မျက်ခြေပျက်သွားပြီ ဟိုမျောက်မ မတွေ့တော့ဘူးး)

*ဖောက်ပြန်နေတာလားး တောထဲလာပြီးလေ*

(ရှာကြမယ်လေ )

Happy System(Completed)Where stories live. Discover now