Happy System

40K 1.7K 100
                                    

မုံရွာမြို့ရဲ့ တစ်နေရာ အောင်ချမ်းသာရပ်ကွက်တစ်ခု တိတ်ဆိတ်နေတဲ့အိမ်ဝန်းကျယ်ကြီးထဲမှာ အလွန်လှတဲ့ကောင်လေးရှိတယ် သူက
*တုနှိုင်းခ*

မိဘတွေက ကိုယ်စီနောက်အိမ်ထောင်နဲ့ သားအတွက်ကို လစဉ်ပိုက်ဆံတော့ထောက်ပံ့ကြတယ်
18နှစ်အရွယ်ကောင်လေးရင်ထဲမှာဒဏ်ရာတွေနဲ့ အချစ်ဆိုတာတကယ်မရှိဘူးလို့သတ်မှတ်ထားတာ အရမ်းချစ်ပါတယ်ဆိုတဲ့ ဖေဖေမေမေတောင် နောက်အိမ်ထောင်တွေနဲ့

အခု ခခ က ဒုတိယနှစ် တက်နေကာ ပထမနှစ်က သူ့ဘေးမှာရှိနေပေးအဖော်ပြုပေးတဲ့ မိန်းကလေး ဝတ်ရည်ချိုကလဲ သူချမ်းသာလို့တဲ့ ဘယ်မလဲအချစ်စစ်က အထီးကျန်အဖော်မဲ့နေတဲ့ကောင်လေးက သစ္စာမဲ့မှုတွေကြားမှာနေခဲ့ရတော့ နှလုံးသားကအေးစက်နေပြီ
လူတွေနဲ့ရှောင်ဖယ်လာတယ် အထီးကျန်လာတယ် အားပေးဖော်လိုချင်ပေမယ့် အတုအယောင်တွေပဲကြုံနေရလို့ ဘာကိုမှမယုံကြည့်တော့ဘူးး

ဒုတိယနှစ်ကစပြီး ခခ က အချေကိုယ်တော်လေးဖြစ်လာတာပဲ
မိန်းကလေးတွေထပ်သာလွန်တဲ့ရုပ်ရည်ကြောင့် မိန်းကလေးအများ မနာလိုသလို ယောက်ျားလေးအများစုကလဲ ချေလို့အမြင်ကပ်နေကြတာပေါ့ ကျောင်းရဲ့ 55%က သူ့ကိုမုန်းနေသူတွေပါ့ ကျန်တဲ့45%ကသူ့ကိုကြွေနေသူနဲ့ ဘာမှန်းမသိတဲ့Fujoshiတွေဖြစ်ကြသည်

အတန်းထဲမှာလဲ တစ်ယောက်ထဲနေတယ်သူ့ကိုလာရောသူတွေလဲ အမြဲငြင်းတယ် အားနာမှုဆိုတာမရှိတော့ဘူး ခခအတွက် အားနာချင်ခါးပါသွားမှာပဲ

ခင်ဗျားလေးတို့ထင်နေတဲ့ အချေကိုယ်တော်လေးက တကယ်တော့ မေတ္တာစစ်ငတ်နေသူပါ

တစ်နေ့ ဘွဲ့နှင်းသဘင်ကို အေးဆေးလို့တစ်ယောက်ထဲလာနေပြီးအပြန် လှေကားဆင်းမှ

"မင်းလိုကောင်က သေသင့်တယ် စောက်အချေကောင်ဟားဟားဟား"

ဒုန်း***

"အားးးး"
*ငါ ငါ သေပြီလား ဘယ်ခွေးသူတောင်းစားက လှေကားပေါ်ကကန်ချတာလဲ ကျွတ်ကျွတ်*

(ကြိုဆိုပါတယ် Host)

*အမ် ဘယ်ကအသံလဲ ညှောင်နာနာက*

(ဒီမှာ ဒီကပြောနေတာ ညှောင်နာနာမဟုတ်ဘူး System အချောလေးပြောနေတာ)

Happy System(Completed)Donde viven las historias. Descúbrelo ahora